Unicode
Jungkook စာရေးခုံလေးမှာ စိတ်မပါလက်မပါ ထိုင်ချလိုက်သည်...
မကြည့်ဘူးဟု ဆုံးဖြတ်ချက်ချထားသော်လဲ မိမိနဲ့ မျက်စောင်းထိုးက ခုံလေးကို လှမ်းကြည့်မိသေး၏....
ဒီလိုနဲ့ပဲ သူတို့ တကယ်ဝေးကြပြီပေါ့....တပတ်ကျော်သွားပြီ....ဘာလိုလိုနဲ့ အဲ့ဒီခုံလေး နေရာလွတ်နေတာ တပတ်တောင် ကျော်သွားပြီပဲ....
သူ့နှလုံးသားကတော့ ခုထိ တဆစ်ဆစ် နာကျင်နေရဆဲ...မေ့ဖျောက်မယ်လို့ ကြိုးစားတိုင်း ပိုပြီး နာကျင်ရတာ ဘာကြောင့်ပါလဲ...
ထိုမေးခွန်းအတွက် သူ့မှာ ဖြေစရာမရှိခဲ့....ရင်ထဲမှာ နင့်နေအောင် လွမ်းဆွတ်နေရပေမဲ့ သူမေ့ဖို့ကိုပဲ ဇွတ်အတင်း ကြိုးစားနေမိရဲ့...
သို့သော်လည်း နောက်ဆုံးတော့ အရင်နေ့တွေလိုပဲ ထိုခုံလေးကို ငေးကြည့်ရင်းသာ အတန်းချိန်တွေကို ကုန်ဆုံးစေရပြန်သည်....
တကယ်ပဲ မင်းဘယ်တွေ ရောက်နေတာလဲ က်ုယ့်ရဲ့နတ်မိမယ်....
"Jungkook...ဒါလေးတော့ အဆာပြေစားရအောင်ပါကွာ....''
လက်ထဲထိုးပေးလာတဲ့ Sandwichကို သူခုံပေါ် ပြန်တင်လိုက်သည်...
"Jungkook...အဲ့လိုကြီး မနေပါနဲ့ဆို...မင်းအဲ့လိုကြီး မှိုင်ထွေနေရင် ငါကဘယ်လိုနေရမှာလဲလို့...ဗြဲ....''
အာပြဲကြီးနဲ့ အော်ငိုပြန်သော ငပြူးကြောင့် မကြည်လင်တဲ့စိတ်တို့က ပိုညစ်ညူးသွားရသည်...
ဒီအကောင်တော့ အသံအောင်တယ်ဆိုပြီး အော်ချင်တိုင်းအော်နေတော့တာပဲ...
"မငိုစမ်းပါနဲ့ ဟျောင့်ရာ...ငါနားအူလို့ပါ...''
"အ့ဆို...စားလို့...နော်နော်....စားပါနော်....''
ချစ်ဖို့ကောင်းအောင်လုပ်ပြီး သူ့အား Sandwichကို ဇွတ်ထိုးပေးနေသူကြောင့် သူလဲ သက်ပြင်းချရင်းသာ ခေါင်းငြိမ့်ပြလိုက်တော့သည်....
တော်သေးတာပေါ့...သူ့အပေါ် ဂရုစိုက်ပေးတဲ့ ဒီအဖေနဲ့ဒီသူငယ်ချင်းလေး ရှိနေလို့...
တော်ပါပြီလေ...အားလုံးကို မေ့ပစ်လိုက်တာပဲ ကောင်းသည်...Appaပြောတဲ့စကားအရ သူချစ်ရတဲ့ နတ်ကဝေမလေးက Koreaရဲ့ အချမ်းသာဆုံး စားရငး်ဝင် Min Groupကဆိုပဲ...
![](https://img.wattpad.com/cover/265295367-288-k850634.jpg)
YOU ARE READING
WHAT?(COMPLETED)
Fanfictionမင်္ဂလာပါ ယောရောဘွန်းတို့....တခုလောက်မေးလို့ရမလားခင်ဗျ....Whatဆိုတာ ဘာလဲဟင်?🤔..... OTP-YOONKOOK မင်္ဂလာပါ ယောရောဘွန်းတို့....တခုလောက်မေးလို့ရမလားခင်ဗျ....Whatဆိုတာ ဘာလဲဟင်?🤔..... OTP-YOONKOOK