A-3

1.3K 179 35
                                    

Unicode

Yoongiကျောင်းပတ်ဝန်းကျင်ကိုကြည့်ပြီး ပေါ့ပါးစွာ ပြုံးလိုက်သည်...

သူUniတက်ခဲ့စဉ်က ဒီလို လှပသာယာတဲ့ ကျောင်းတော်ရဲ့အသရေကို မခံစားဖူးခဲ့....စာလုပ်မည်....ပျင်းရင်အိပ်မည်...မုန့်တို့ထမင်းတို့တောင် အခန်းထဲကို ယူလာခိုင်းပြီး ပျင်းတိပျင်းရွဲ့ စားသည်...အဲ့အချိန်ကဆို Seokjin နဲ့ Hoseokက တော်တော်လေး ဒုက္ခခံပေးခဲ့ရှာသည်...

"Yoonji...''

"ဟင်....''

"Uniတခုလုံးကို အပေါ်စီးကကြည့်ချင်လား....''

"ဘာလဲ...ခေါင်းမိုးထပ်သွားမလို့လား....''

"အဟင်း...ကြည့်ချင်လားသာပြောပါ....''

စိတ်ထဲမှာလဲ တကယ်ကြည့်ချင်နေတာမို့ သူခေါင်းငြိမ့်ပြလိုက်မိသည်....

"လာ...သွားရအောင်....''

ရှေ့က တက်တက်ကြွကြွ သွားနေသည့် ကောင်လေးကိုကြည့်ပြီး yoongi ကျောင်းတောင်ပြန်တက်ချင်မိသည်...

တချိန်က သူ့ရဲ့ပျင်းရိစွာ ကျောင်းတက်ခဲ့မိချိန်ကို နှမြောလာသည်....ကျောင်းသားပီပီ ကျောင်းရဲ့ကောင်းမွန်တဲ့ အရသာတချို့ကို သူမခံစားဖြစ်ခဲ့....

အင်း....တကယ်လို့ အရင်က သူ့ဘေးမှာ ဒီကောင်လေးသာရှိခဲ့ရင် ပျင်းရောပျင်းပါ့မလား....ခုလိုပဲ မြူးထူးစွာ ကောင်လေးနဲ့ လျှောက်လည်နေမလား....

မဆီမဆိုင် အတွေးတို့က ဝင်လာပြန်တော့ ထိုအတွေးတို့ကို ချက်ခြင်းရပ်တန့်ဖို့ ကိုယ့်ကိုယ်ကို သတိပေးရသေးသည်....

ဘာလို့လျှောက်တွေးနေတာလဲ... ငါက ဒီကျောင်းကို အခြေအနေအရ မဖြစ်မနေ ခနတာ လာတက်တဲ့သူပဲဟာ....မဟုတ်လဲ အချိန်တန်ရင် အားလုံးကို ပြန်ထားခဲ့ရမှာပဲ....

"ရောက်ပြီ yoonji....''

အတွေးတို့လွန်နေတုန်း ကောင်လေးရဲ့ ရောက်ပြီဆိုမှ အာရုံတို့ကို ပြန်စုစည်းလိုက်ပြီး ရှေ့ကိုကြည့်မိတော့....

"ဟင်?....ရေစင်ကြီး....''

Uniကျောင်းဆောင်တွေထက်မြင့်တဲ့ ရေစင်ကြီးကို ရောက်လာတာမို့ သူလန့်သွားရသည်....

WHAT?(COMPLETED)Where stories live. Discover now