?-5

1.2K 179 16
                                    

Unicode

Jungkook ခုံပေါ်မှာ ခေါင်းလေးစောင်းအိပ်ရင်း ပြုံးနေမိသည်....

ညနေကမှ ထိကပ်ခဲ့တဲ့ နှုတ်ခမ်းသားပါးပါးလေးကို ပြန်မြင်ယောင်မိတော့ ရင်ထဲမှာက ကလိကလိနဲ့ နန့်ကြောက ထလာလေပြီ....

"ချိုတာ...''

"ဘာတွေချိုနေတာလဲဟ!..."

"အမလေး....နှုတ်ခမ်း ငါထပ်နမ်း...''

"အမ်....''

ကျောကိုပုတ်ပြီး ပြောလာသည့် အဖေဖြစ်သူကြောင့် ပါးစပ်က ယောင်အစွာ ထွက်သွားပြန်သည်....

"Jeon jungkook...မင်း...မင်းရည်းစားရနေပြီလား...''

"ဗျာ...ရည်းစား...မဟုတ်ဘူး အာပါးရ...ရည်းစားမဟုတ်ဘူး....သားတဘဝလုံးအတွက် အရေးပါတဲ့ သားရဲ့လက်တွဲဖော်...''

"အေး...မင်းစာတတ်တာ ငါသိပါတယ်...ရည်းစားလဲ ဒီအဓိပ္ပါယ်ပဲ...အပိုတွေ လုပ်ပြီး စာတွေဖွဲ့မနေနဲ့...''

"ဟာဗျာ...မတူပါဘူးဆို...ကျွန်တော်က သူ့ကို ရည်းပဲရည်းရသေးတယ်....မစားရသေးဘူးဗျ...အဲ့ဒါကြောင့် ရည်းစားမဟုတ်ဘူး....လက် တွဲ ဖော်....''

"အမလေး...အေးပါအေးပါ...ဒီနေ့လဲ အတန်းမတက်ဘူး...သားအဲ့ဒီကောင်မလေးကို ကြိုက်တာ appaသိပါတယ်....ဒါမဲ့ စာဘက်ကိုတော့ အာရုံလျော့မသွားစေချင်ဘူး....''

"ဟုတ်ကဲ့ပါ appa....သားနားလည်ပါတယ်....''

ဒီတခါတော့ ဆုံးမစကားဆိုလာတာမို့ သူတရိုတသေ ပြန်ဖြေလိုက်သည်...တခါတရံသာ သူငယ်ချင်းလို စကြနောက်ကြလိမ့်မည်...အရေးကြီးတဲ့ အကြောင်းတခုခု ရှိလာပြီဆိုရင်တော့ သူတို့သားအဖနှစ်ယောက်က လေးစားရတဲ့ အဖေနဲ့ နာခံတတ်တဲ့ သားသာ....

"ကဲပါ...စာလေးဘာလေး ဂရုစိုက်လုပ်...appaသွားမယ်...''

"ဟုတ် appa....''

အပြင်ထွက်သွားပြီဖြစ်တဲ့ appaကို ကြည့်ပြီး သူစာလုပ်ရမယ်ဆိုတဲ့ အတွေးနဲ့ စားပွဲပေါ်က စာအုပ်လေးကို ကောက်ယူလိုက်တော့သည်....

အင်း...သူ့ကောင်မလေးရော....ဒီအချိန် စာကျက်နေပါ့မလား....အတန်းထဲမှာလိုပဲ ဖုန်းကိုကြည့်နေမလား...ဒါမှမဟုတ် ငိုက်နေမလား...

WHAT?(COMPLETED)Where stories live. Discover now