Unicode
Jungkook jiminနဲ့အတူ အခန်းရှေ့က ထိုင်ခုံလေးမှာထိုင်ရင်း သူ၏ နတ်ကဝေဆိုသူလေးကို စောင့်နေရှာသည်....
"ဟေ့ရောင်...ဟိုမှာ လာနေပြီ....''
Jiminက လက်ကိုဆွဲဆိတ်ရင်း ပြောလာတာမို့ လှမ်းကြည့်မိတော့ ဖြာကျနေသော နေရောင်နဲ့အတူ လင်းလက်တောက်ပစွာ ကြွကြွရွရွလေး လျှောက်လှမ်းလာသော သူ၏နတ်ကဝေမလေး....
လေစုံလေဆန်ရဲ့ တိုးဝေ့မှုကြောင့် ဂုတ်ထိဝဲကျနေတဲ့ ဆံစလေးတွေက တလွင့်လွင့်ဖြစ်နေသည်မှာ ကဗျာဆန်စွာ....
ဒီနေ့မှာလဲ ပြောင်းလဲခြင်းမရှိစွာ စိမ်းနက်အကွက်စိပ်လေးတွေနဲ့ လက်ရှည်ကို ဝတ်ဆင်ထားပြီး jeans pantအနက်ကို တွဲဖက်ထားသော်လဲ သူ့မျက်လုံးထဲမှာတော့ အတော်လေး ကြည့်လို့ကောင်းနေသည်....
"Jimin....''
"အ့...ဘာလဲဟ....''
ဘေးက jiminရဲ့ဂုတ်ကိုဆွဲကာ သူ့ရင်ဘတ်မှာ ကပ်ပေးလိုက်သည်....
"ကြားလား...''
"ဟမ်....''
"ငါ့ရဲ့ရင်ခုန်သံတွေကို ကြားလားလို့....''
"အေး....ကြားတယ်ကွ....''
"ပြောစမ်း....ဘယ်လိုမြည်နေတာလဲ...''
"ဒတ် ဒတ် ဒတ်....''
"ဟာ...ဟေ့ကောင်....နှလုံးက ဒတ်လို့မြည်မလား....''
"Sorry သားရီး...မနက်က အိမ်မှာတချိန်လုံး ရေမော်တာကြီးဖွင့်ထားတော့ အဲ့အသံကိုစွဲပြီး ခုထိနားထဲမှာ တဒတ်ဒတ်ပဲ ကြားနေရတာ....''
"ဟွန်း...တော်ပြီကွာ....မင်းကိုမမေးတော့ဘူး....ငါ့နှလုံးသားလေးကိုပဲ ငါပြန်မေးတော့မယ်....''
"မင်းနှလုံးက စကားပြောတတ်တယ်ပေါ့...''
"ဟေ့ရောင်....မင်းစကားက ဘာကြီးလဲကွ....''
"ဘာလဲ....ငါပြောတာက မင်းနှလုံးသားကိုလေ...H E A R T....အဲ့နှလုံးကိုပြောတာ....ကိုယ့်ဘာသာ နှာတွေးတွေ လျှောက်တွေးနေပြီးတော့....''
"အံမာ....ဒီငပြူးတော့ ငါလုပ်ရင်သေဦးမယ်...''
"လုပ်ကြည့်လေ....ငါလဲပြန်လုပ်မှာပေါ့...''
![](https://img.wattpad.com/cover/265295367-288-k850634.jpg)
YOU ARE READING
WHAT?(COMPLETED)
Fanfictionမင်္ဂလာပါ ယောရောဘွန်းတို့....တခုလောက်မေးလို့ရမလားခင်ဗျ....Whatဆိုတာ ဘာလဲဟင်?🤔..... OTP-YOONKOOK မင်္ဂလာပါ ယောရောဘွန်းတို့....တခုလောက်မေးလို့ရမလားခင်ဗျ....Whatဆိုတာ ဘာလဲဟင်?🤔..... OTP-YOONKOOK