H-2

1.4K 211 114
                                    

Unicode

Jungkook ကျောင်းကိုရောက်ရောက်ချင်း ရှာမိတာက သူရဲ့နတ်ကဝေမလေး.....

သို့သော်လဲ အတန်းထဲမှာ ဘယ်သူ့မှ မတွေ့တာကြောင့် သူကြောင်သွားရသည်....

"ဒီနေ့ကျောင်းဖွင့်ပါတယ်....''

ကိုယ့်ဘာသာ ရေရွတ်နေတုန်း တဒူဒူမြည်လာသော အိတ်ထဲက ဖုန်းကြောင့် ကိုင်လိုက်တော့....

"သား...မင်းဘယ်မှာလဲ....''

"ဗျာ...ကျောင်းမှာလေ....''

"ဘာ!...မင်းဒီအချိန်ကြီး ကျောင်းကိုဘာသွားလုပ်တာလဲ....''

"ဒီအချိန်?....''

အဖေ့စကားကြောင့် သူနာရီကို ကြည့်လိုက်တော့....

"WHAT?....ခြောက်နာရီ?....''

နတ်ကဝေမလေးကို တွေ့ချင်ဇောနဲ့ စောစောထပြီး ခေါင်းတောင်သေချာမဖြီးနိုင်ဘဲ ကျောင်းကိုအပြေးလာခဲ့ခြင်း....ဒီလောက်ကြီးစောမယ်လို့ သူမထင်မိခဲ့....

"ဘာမှစားမသွားရသေးဘူးမလား...အိမ်ပြန်လာခဲ့...မနက်စာပြန်လာစား....''

"တော်ပြီ Appa....ရောက်လက်စနဲ့ အိပ်နေလိုက်မယ်....''

"ဒီကလေးစုတ်တော့...စာလေးဘာလေး လုပ်မယ်မရှိဘူး...''

"Hee....လောလောဆယ် ထပ်အိပ်ချင်နေသေးလို့...ဒါပဲနော် Appa...ဒီနေ့တော့ တယောက်ထဲ ဗိုက်ဖြည့်လိုက်တော့....''

"အေးပါအေးပါ....''

တဖက်က ဖုန်းချသွားတာနဲ့ သူစာရေးစားပွဲပေါ် ခေါင်းကိုမှောက်ချလိုက်သည်...

မှေးစင်းလာသည့် မျက်ဝန်းအစုံနဲ့ ရောက်ရှိသွားသော အိပ်မက်ကမ်ဘာမှာ သူ့ရဲ့နတ်ကဝေမလေးက အလှပဆုံး ပြုံးပြနေလေရဲ့....
.
.
.
.
.
.
.
.
.
.
.
.
"Jungkook...Yah...ထစမ်း....''

အိပ်မက်ထဲမှာ ပျော်စရာလေးတွေ ဖန်တီးနေတုန်း ဝင်လာမြဲဖြစ်သော ကန့်လန့်အသံကြီးကြောင့် jungkook မျက်လုံးတို့ကို အားယူဖွင့်လိုက်ရသည်...

အတန်းထဲကို ဝေ့ဝဲကြည့်မိတော့ လူတောင်စုံနေပြီ...အင်...သူအဲ့လောက်တောင် အိပ်ပျော်သွားတာလား....

"ယုန်စုတ်...ငါ့ကိုတောင်မစောင့်ဘူး....ကျောင်းကိုအစောကြီး ဘာလာလုပ်တာလဲ....''

WHAT?(COMPLETED)Donde viven las historias. Descúbrelo ahora