Daddy's babe

48.1K 559 9
                                    

Unicode

"သွင်!!"

"ဗျာ...ကိုကို"
ကိုကိုဆိုသည်မှာ သွင်ရဲ့ daddyလို့ပြောလို့ရတဲ့ သွင့်ကို အမိန့်ပေးနိုင်တဲ့တစ်ဦးတည်းသောယောကျာ်း
သွင့်နာမည်ကတော့ သွင်သစ်ဟန်သာ..
ကိုကိုနဲ့က ကျောင်းမှာတွေ့တာ ကိုကိုက
သွင်တို့အတန်းရဲ့ Guideပေါ့
ကိုကို့ ကိုစတွေ့တည်းကသွင်သဘောကျခဲ့တာ ဒါကြောင့်လည်း ဖေဖေ့ရဲ့အာဏာသုံးပြီး သွင့်ကို (၁၀)တန်းစာပြခိုင်းခဲ့တာ...
ဖေဖေက သွင်တက်တဲ့ private schoolရဲ့ကျောင်းအုပ်ဖြစ်သလို founderလည်းဖြစ်တယ်လေ

သွင်ဆိုတဲ့ကျွန်တော် ကိုကိုကလွဲလို့ဘယ်သူမှအမိန့်ပေးလို့မရတဲ့သူ...

ကိုကို့ကို ကျွန်တော်ကပဲရည်းစားစကားပြောခဲ့တာ
ကိုကိုရဲ့အမိန့်မှန်သမျှ နာခံပါ့မယ်ဆိုပြီး ပြောခဲ့လို့ ကိုကိုကသွင်နဲ့တွဲခဲ့တာ
သွင်(၁၀)တန်းကို ဂုဏ်ထူး(၃)ခုနဲ့အောင်တယ်
ဒါပေမဲ့ကိုကို့ အနားမှာပဲနေချင်လို့ အဝေးသင်ပဲတက်တယ်..
Physicsအထူးပြုပေါ့...

သွင်ကိုကိုခေါ်တာကို အ၀တ်ခေါက်ရင်းထူးလိုက်တာကြောင့် လှည့်မကြည့်မိ

"သွင်...အဲ့အ၀တ်တွေထားလိုက်ကွာ...ကိုစကားပြောချင်လို့"

သွင်လည်းခေါက်လက်စအ၀တ်တွေကိုထားလိုက်ပြီး ကိုကို့ဘက်ကိုလှည့်ကာ အပြုံးချိုချိုဖြင့်...
"ပြောကိုကို..သွင်နားထောင်နေတယ်.."

"သွင်မနက်ဖြန်ဆို အဝေးသင်စတက်ရပြီလေ...စည်းကမ်းအသစ်ထပ်ထုတ်ထားတယ်..."

"ဟုတ်လား...ပြောပါအုံး..."

ကိုကိုက သူစာရင်းလုပ်ထားတဲ့ စာရွက်လေးကို သွင့်ရှေ့ကိုချပေးလာတယ်...

သွင်လည်းစာရွက်လေးကိုယူပြီးကြည့်လိုက်တော့...
1.အတန်းပြီးလျှင်အိမ်တန်းပြန်လာရန်
2.အပြင်သွားချင်လျှင် ကြိုပြောရန်
3.သူငယ်ချင်းအသစ်ရလျှင်အသိပေးထားရန်
4.မိန်းကလေးများနှင့်စကား‌မပြောရ

သွင်စည်းကမ်းချက်တွေဖတ်ပြီးတာနှင့်
"ကိုကို မိန်းကလေးနဲ့ တစ်ချို့ကိစ္စတွေစကားပြောမိမှာပဲလေ...အဲ့တာကြီးကတော့..."

ကိုကိုကအလိုမကျဟန်မျက်မှောင်ကျုံ့ကြည့်လာကာ
"ကိုယ့်အမိန့်ကို ဆန့်ကျင်ချင်တာလား...မပြောနဲ့ဆိုမပြောနဲ့ပေါ့..အရင်စည်းကမ်းတွေရောမှတ်မိသေးရဲ့လားပြန်ရွတ်ပြပါအုံး..."

One ShotsWhere stories live. Discover now