Our Cutie babe<3>

13.2K 340 9
                                        

Unicode,

5months later,

Shopping Centerတစ်ခုတွင် လူတွေရဲ့စိတ်၀င်စားမှုကိုအပြည့်အ၀ရထားတဲ့ ကောင်ချောလေးဟာ ထိုလူတွေကိုဂရုမစိုက်စွာဘဲ သူလိုချင်သော ပစ္စည်းတစ်ချို့ကို၀ယ်ခြမ်းနေသည်။
ထိုသူဟာ အသားဖြူဖြူ အရပ်မပုလွန်းမရှည်လွန်းသည့်ပုံစံဟာ သူ့ရဲ့မျက်နှာကို ပိုပြီးချစ်ဖို့ကောင်းနေစေသည်။ အခုမှဆေးဆိုးပြီးကာစ အပြာရောင်ခပ်ဖျော့ဖျော့ဆံနွယ်တို့နှင့်ပနံသင့်စွာ မျက်နှာလေးကလည်း ချောမောမှုကိုပိုထင်ဟပ်စေသည်။

မိုရ်တစ်ယောက်ဒီနေ့တစ်နေ့လုံး ဦးဦးနဲ့ကိုကိုမကြိုက်တာပဲလုပ်မည်။ အစပ်မစားခိုင်းလို့ကို Centerသွားပြီးစပ်တဲ့မုန့်မှန်သမျှ၀ယ်ပစ်သည်။ ဆံပင်ဆေးဆိုးတာမကြိုက်လို့ကို တမင်ဆိုးပစ်သည်။
အခုလိုအရွဲ့တိုက်နေရခြင်းအကြောင်းကတော့ မိုရ်စကိတ်စီးချင်တာကိုပေးမစီးလို့ပေ။ ခြေထောက်ကကောင်းတာဖြင့် ၁လနီးပါးရှိနေပြီ အခုထိဘာမှမလုပ်ရဘူး......

မိုရ်လည်းအရွဲ့တိုက်ချင်ဇောနှင့်လုပ်ချင်ရာလုပ်ပြီးအိမ်ပြန်ရောက်တော့ ဧည့်ခန်းကsofaပေါ်တွင် မျက်နှာထားတည်တည်နဲ့ထိုင်နေတဲ့ဦးဦးရယ် ဒေါသထွက်နေသည့်ကိုကိုရယ်ကို တွေ့လိုက်ရတာကြောင့် တံတွေးပင်မျိုချမိလိုက်သည်။ ဘယ်လောက်ပဲအရွဲ့တိုက်တိုက် အပြစ်ပေးခံရမှာတော့မိုရ်ကြောက်သည်။ မိုရ်မှတ်မိပါသေးသည် ဆေးမသောက်မိလို့ လက်ကို အချက်(၃၀)လောက်အဆော်ခံလိုက်ရတာကို.....

*မင်းလိုချင်တာအတွက်စွန့်စားရဲရမယ်မိုရ်.... fighting*

မိုရ်တစ်ယောက် ကိုယ့်ကိုကိုယ်အားပေးရင်း ဧည့်ခန်းထဲကနှစ်ယောက်ကိုဂရုမစိုက်စွာ ဘာမထီမျက်နှာဘေးနှင့် လေချွန်ကာ အပေါ်ကိုတက်သွားလိုက်သည်။

"ဒါကဘယ်လိုဖြစ်လာရတာလဲချစ်...."

ဦးဦးရဲ့အေးစက်စက်‌အမေးစကားကြောင့်မိုရ် လှမ်းနေတဲ့ခြေထောက်ဟာအလိုလိုရပ်သွားကာ နောက်လှည့်ကြည့်လိုက်တော့ အလွန်ဒေါသထွက်နေပုံပင်.....

"အပြင်...ကပြန်လာတာပါ အကိုဆူးခက်...."

"ဘာ!! အခေါ်အဝေါ်တွေပါပြောင်းနေပါလား....ချစ်မင်းမိုရ် မင်းဆံပင်တွေကလည်းဘယ်လိုဖြစ်လာတာလဲ!!"

One ShotsWhere stories live. Discover now