Unicode
(ယခုရေးသားထားသည်များသည် 21+ဖြစ်လို့ ကလေးများမဖတ်ရှုသင့်ပါ ဖတ်ကြတဲ့သူတွေကလည်း ကောင်းစေချင်တဲ့စိတ်နဲ့သာဝေဖန်ပေးပါ....+မကြိုက်တဲ့သူတွေကတော့ ဒီနေရာကနေလှည့်ပြန်ပါ...
ကျေးဇူး)လွန်ခဲ့သော တစ်နှစ်ခန့်က တွေ့ခဲ့တဲ့ ကိုယ်နဲ့ One Night standအိပ်ခဲ့တဲ့ကောင်လေးက ကိုယ့်ရဲ့အသည်းအသက်ဖြစ်လာလိမ့်မယ်လို့ Zaneမတွေးခဲ့ဖူးပါ...
ဒါပေမဲ့လည်းအခုတော့ ထိုကောင်လေးကို ဘယ်လိုမှအလွတ်မပေးချင်တဲ့အထိ အတ္တတွေကြီးတတ်လာသည်
အစကတော့ တစ်ညတာ စိတ်ဖြေဖို့ရာ အသုံးချခဲ့ပေမဲ့ Lotusခေါ် ဉာဏ်ဆိုတဲ့ကောင်လေးဟာ ပင်လယ်ရေလိုပဲ fkလေ မ၀လေလေ ဖြစ်တာကြောင့် ဆက်တွေ့ရင်းအခုလိုအခြေအနေထိရောက်သွားတာပင်....အခုတောင်Zaneအလုပ်ကိစ္စတွေပြီးပြီမို့ ဉာဏ်ကိုကျောင်းကြိုဖို့ရာ သွားရအုံးမည်။ ထိုကောင်လေးက ဒီနေ့မှအထူးအဆန်း လမ်းလျှောက်လာကြိုခိုင်းတာမို့ Zaneလည်းကားကို ထားခဲ့လိုက်ကာ Taxiသာငှားပြီးကျောင်းလာခဲ့လိုက်သည်။
ကျောင်းကိုရောက်တော့ပဲ ညနေစောင်းနေပြီမို့ လူတွေတောင်အတော်ရှင်းနေလေပြီ
အရိပ်ရတဲ့သစ်ပင်အောက်ကခုံတန်းလေးမှာ ထိုင်စောင့်နေတဲ့ babeပုံစံလေးက မြင်သူတိုင်း ငေးချင်စရာရှပ်အင်္ကျီကြယ်သီးကို 2လုံးခန့်ဖြုတ်ထားပြီး နားကြပ်တပ်ကာ Gameဆော့နေတဲ့ပုံစံကိုက မိမိုက်နေတာပင်....
Zaneလည်း ဉာဏ်ဆီအမြန်လျှောက်သွားလိုက်ကာ
"ကိုယ်ရောက်ပြီbabe...သွားကြစို့လေ..."မိမိအသံကြားမှ gameဆော့တာကိုရပ်ကာ မျက်၀န်းဝိုင်းဝိုင်းကြီးတွေနဲ့မော့ကြည့်လာတဲ့babe အရမ်းကိုအသည်းယားဖို့ကောင်းပါသည်။
"ဟုတ် သွားစို့လေ Zaneကို လုံး၀အံ့ဩသွားစေမဲ့ဟာလေးလုပ်မလို့..."
ဉာဏ်စကားကြောင့် Zaneကြက်သီးတွေထမိတာအမှန်ပင်
ဒီကောင်လေးကမထင်ရင်မထင်သဘိုသောင်းကျန်းတတ်သူပင်အရင်ကလည်း အိမ်မှာအ၀တ်အစားမ၀တ်ဘဲ Apronတစ်ထည်သာ၀တ်ပြီး ဟင်းချက်နေတာကြောင့် စိတ်မထိန်းနိုင်ဘဲ ကြမ်းမိခဲ့ဖူးသည်။
အခုလည်းဘာအစီစဉ်တွေရှိလဲမသိ အမှန်ပင် Zaneရင်ခုန်ရပါသည်။