Our Cutie babe<2>

12.7K 370 14
                                    

Unicode

မိုရ့်ကို ဦးဦးဆေးရုံကအရိုးအဆစ်ပါရဂူနဲ့ ပြပေးသည်။

မိုရ့်ခြေထောက်ကချဉ်ဆီအားနည်းတာဖြစ်ပြီး ဖြစ်ဖြစ်ချင်းဆေးခန်းမသွားတော့ပိုဆိုးသွားတာဖြစ်သည်။ ချဉ်ဆီအားနည်းတာက လူကြီးတွေမှာသာအများဆုံးဖြစ်တတ်ပေမဲ့ မိုရ်ကတော့ခြွင်းချက်
ဒါကြောင့်လည်း ချဉ်ဆီအားဆေးတွေကို အနည်းဆုံး3လလောက်သောက်ရမည်ဖြစ်ပြီး လမ်းလျှောက်တာလျော့ရမည်ဖြစ်သည်။ ဖြစ်နိုင်ရင်တောင်ဆရာ၀န်ကလမ်းမလျှောက်စေချင်ပေ...
လေ့ကျင့်ခန်းတော့လုပ်ပေးရမည်ဖြစ်သည်။ အိပ်နေရင်း ခြေချောင်းလေးတွေကိုကော့ကာ ဒူးကို အောက်ဖိချတာကို ၁၅ခါစီလုပ်ပေးရမည်ဖြစ်ပြီး တစ်နေ့ကို (၃)ကြိမ်လုပ်ရမှာဖြစ်သည်။
လေ့ကျင့်ခန်းလုပ်ရတာကတော့ မိုရ့်ခြေထောက် ပုံမှန်လို လမ်း‌ပြန်လျှောက်လို့ရအောင်ဖြစ်သည်။

ဆေးရုံကပြန်တော့ ဦးဦးရော ကိုကြီးရော မိုရ်တို့3ယောက်လုံးအတူပြန်ဖြစ်ခဲ့ကြသည်။

အိမ်ရောက်တော့လည်း မိုရ့်ကို လမ်းလျှောက်စေဘဲ ကိုကြီးကပဲချီသွားပေးပြီး ဦးဦးကတော့ မိုရ့်ရဲ့ ဆေးတွေပစ္စည်းတွေယူပြီးနောက်ကနေလိုက်ခဲ့သည်။

"မောင်... မိုရ့်ကိုလမ်းပေးမလျှောက်ရဘူးနော်..."

ဈာန်ဟာ ဆူးခက်ကို ပြုံးပြလိုက်ကာ
"အင်းပါကိုရဲ့ မောင်သိပါတယ်..."

ထိုနေ့မှစကာ မိုရ်ဟာ တစ်အိမ်လုံးရဲ့ဂရုစိုက်ခံလေးဖြစ်လာရတော့သည်။

••••••••••••••••••••••••••••••••

ဒီနေ့က ဆူးခက်ဆေးရုံအတွက်အစည်းဝေးလုပ်စရာရှိတာကြောင့်

"မောင် ဒီနေ့ဆေးရုံသွားရမှာမို့လို့ ချစ်ကိုသေချာဂရုစိုက်ပေးနော်...."

"အင်းပါ မောင်လည်းဆရာ၀န်တစ်ယောက်ပါ ဒီလောက်တော့ဂရုစိုက်နိုင်ပါတယ်..."

"သိပါတယ် ဒါပေမဲ့ မိုရ့်ကိုသေချာဂရုစိုက် စိတ်ချမယ် တစ်ခုခုဖြစ်ရင်မောင်မလွယ်ဘူးနော်..."

ဈာန်ကတော့ ကို့ရဲ့စကားကြောင့် ဖင်တောင်ကြိမ်းချင်နေပြီဖြစ်သည်။

One ShotsWhere stories live. Discover now