Unicode
သူနဲ့ကျွန်တော် အေးလွန်းတဲ့ Decemberလရဲ့ ညတစ်ညမှာစသိခဲ့တယ်.....
ကျွန်တော်က ၁၀တန်းလည်းပြီးပြီဆိုတော့ မိုးလင်းပေါက်အထိ လိုင်းသုံးလေ့ရှိတယ်.....
တစ်ရက်မှာတော့ Messenger Chat boxကနေ.... Venuesဆိုတဲ့ Accတစ်ခုကနေစာလာပို့တယ်....
မေမြတ်နိုးကိုသိလားတဲ့ကျွန်တော့်သူငယ်ချင်းမြတ်နိုးနာမည်နဲ့ မေးတာဆိုတော့ ကျွန်တော်လည်းသိတယ်လို့ဖြေခဲ့တယ်
မြတ်နိုးကို Crushနေတဲ့သူလို့ပဲ ကျွန်တော်ထင်ခဲ့တာ....
မြတ်နိုးကို အကြောင်းပြုပြီးကျွန်တော်တို့နှစ်ယောက်တော်တော်ရင်းနှီးသွားကြတယ်....
သူ့နာမည်က ရှင်မင်းဆက်တဲ့...
သူလည်း ၁၀တန်းဖြေထားတဲ့သူ...ဒါပေမဲ့ သူက ကျွန်တော့်ထက် (၆)လလောက်ကြီးတယ်....အဲ့လိုနဲ့ သူနဲ့ကျွန်တော် လိုင်းပေါ်ကနေစကားပြောရင်း ခင်သွားတာပေါ့....တစ်လလောက်နေတော့ သူကျွန်တော့်ကိုပြောတဲ့စကားတစ်ခွန်းကြောင့် လန့်သွားမိတယ်....
အဲ့တာကတော့....
ကိုယ်မင်းကိုချစ်တယ်တဲ့ကျွန်တော်အံ့ဩစွာနဲ့ပဲ မင်းမြတ်နိုးကို ချစ်တာမဟုတ်ဘူးလားလို့မေးလိုက်တော့....
သူမြတ်နိုးကို မကြိုက်ကြောင့်နဲ့ မြတ်နိုးကိုအကူအညီတောင်းပြီး သူ့(မြတ်နိုး)အကြောင်းမေးပြီးချဉ်းကပ်ခဲ့ကြောင်းရှင်းပြလာသည်။
ဘာလို့ချစ်တာလဲလို့ မေးတော့....(၁၀)စာမေးပွဲတွေဖြေနေတုန်း ရုတ်တရက်တွေ့ပြီး ချစ်သွားတာပါလို့သူက ပြန်ဖြေလာတယ်.....
သူ့စကားတွေကြောင့် ကျွန်တော်လည်း Shockရသွားတာပေါ့....သူ့ကို စဉ်းစားအုံးမယ်လို့ပဲပြောခဲ့တယ်....
ကျွန်တော်နဲ့သူနဲ့က ယောကျာ်းလေးချင်းမို့ မဖြစ်နိုင်ဘူးဆိုတဲ့အတွေး၀င်ခဲ့တယ်....အိမ်ကမိဘတွေကလည်း သဘောတူမှာမဟုတ်ဘူး....
ကျွန်တော် သူ့ကိုချစ်လားမချစ်ဘူးလားဆိုတာ ၁ပတ်လောက်အချိန်ယူပြီးစဉ်းစားပြီးတော့ အဖြေတစ်ခုထွက်လာတယ်....
