1

1.1K 123 0
                                    

Unicode

" အင်းချွန်းမီးသတ်ဌာန "

အဆောက်အဦး မျက်နှာစာတွင် ခန့်ခန့်ညားညား တည်ရှိနေသော ဆိုင်းဘုတ်ကိုကြည့်ကာ ပြုံးလိုက်မိသည်။

" အထဲဝင်ဖို့ကို နည်းနည်း ရင်ခုန်နေတယ် ကြည့်ပေးအုံး ငါ့ပုံစံကအဆင်ပြေလား "

ဘေးမှာရပ်နေသော Eunwoo က ဆံပင်တွေကို သေချာဖိချရင်း​မေးနေတာကြောင့်...

" အကုန်အဆင်ပြေတယ် ဝင်ကြရအောင် "

ယူနီဖောင်းအသစ်လေးတွေနှင့် ပထမဆုံး လုပ်ငန်းခွင်ဝင်ဖို့ကို စိတ်အားတက်ကြွစွာနဲ့ ရောက်လာတဲ့ လူငယ်လေးနှစ်ယောက်ကတော့ မီးသတ်ဌာန အတွင်းသို့ လှမ်းဝင်သွားသော ခြေလှမ်းတို့မှာ အားအင်အပြည့်ဖြင့်...

အထဲဝင်ဝင်ခြင်းတွေ့လိုက်ရတာက ဆူညံစွာအော်ဟစ်ပြီး စကားပြောနေကြတာပင်။ တစ်ချက်တစ်ချက်ကြားလိုက်ရတဲ့ ရီသံချိုချိုလေးကိုလိုက်ရှာကြည့်မိတော့ ၅ယောက်ဝိုင်းထိုင်နေတဲ့ လူအုပ်ထဲမှာ မျက်လုံးတွေပျောက်တဲ့အထိ ရယ်နေတဲ့ ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရတယ်။ ကောင်လေးလို့သာပြောရတယ် ဝတ်ထားတဲ့ပုံစံအရ သူတို့ထက်တော့ ရာထူးမြင့်မယ့်ပုံ။

ဝင်လာတဲ့ သူတို့နှစ်ယောက်ကို ဘယ်သူမှ အာရုံမရှိကြတော့ ဘေးက Eunwoo က တံတောင်နဲ့လှမ်းတွတ်ရင် ဘယ်လိုလုပ်ကြမလဲဆိုတဲ့ပုံစံနဲ့မေးဆက်ပြလာတယ်။

" ဒီတိုင်းသင်တန်းမှာလိုဘဲ လုပ်ကြတာပေါ့ "

သူခပ်တိုးတိုးလေးပြောလိုက်ပြီး ကိုယ်ကို သတိစွဲလိုက်တော့ ဘေးက eunwoo ကလည်းကြောင်တောင်တောင်လေးနဲ့လိုက်လုပ်ရှာတော့သည်။

" သင်တန်းအမှတ်စဥ် ၆၃ မှ Jeon Jung Kook "

" Cha Eun Woo "

" အင်းချွန်းမီးသတ်ဌာန ကိုတာဝန်ထမ်းဆောင်ရန်    "

အသံကျယ်ကျယ်က ခပ်စူးစူးထွက်လာတာမို့ ခုဏက ဆူညံနေတဲ့နေရာက ချက်ချင်းတိတ်ကျသွားပြီး အကုန်လုံး အာရုံက သူတို့နှစ်ယောက်အပေါ်ကိုရောက်လာတော့သည်။

" ခွီး..."

တိတ်ဆိတ်မှုကခဏသာဖြစ်သွားပြီး ရီသံတစ်ချို့က အလိုလိုပေါ်လာသည်မို့ Jungkook တစ်ယောက် မျက်မှောင်ကြုံမိသွားတော့တယ်။
အရှေ့တွင်ရပ်နေသော လူ၅ယောက်ထဲမှာမှ အရပ်ရှည်ရှည်နဲ့တစ်ယောက်က...

Emergency Love Where stories live. Discover now