2

529 99 0
                                    

Unicode

" ဟာ Jungkook စောလှချည်လား "

အထဲဝင်ဝင်ခြင်း သူ့ကိုလှမ်းနှုတ်ဆက်တာက Eunwoo ပင်။ နှစ်ယောက်သား လူခွဲ ခံလိုက်ရထဲက Duty လဲချိန်ကလွဲပြီး ကျန်တဲ့အချိန် သိပ်မတွေ့ဖြစ်...

" အင်း နည်းနည်း စောစောနိုးတာနဲ့ထွက်လာခဲ့တာ "

" ငါခဏနေလို့ ပြန်ရင် စျေးဝင်ဝယ်မလို့ ဘာမှာချင်သေးလဲ "

" ဘာမှမမှာတော့ပါဘူး "

" အေး ပြီးရော "

" ခဏ ခဏ ငါ့ကို ကြက်ဥတစ်ကတ်လောက်ဝယ်ခဲ့ပေးပါ "

" OK bro "

နှစ်ယောက်လုံးနယ်ကလာတာကြောင့် အိမ်ခန်းတစ်ခန်းငှားပြီး နှစ်ယောက်တူတူနေဖြစ်ကြတာ သင်တန်းသားဘဝထဲကပင် ။
Eunwoo ထွက်သွားတာနဲ့ ပစ္စည်းထားတဲ့စင်ကိုသွားပြီး ပစ္စည်းတွေတိုက်ချွတ် စစ်ဆေးနေလိုက်တယ် ကားတွေလည်းအကုန်လိုက်စစ်အပြီးမှာ အဖွဲ့ထဲကတစ်ချို့တွေလည်းရောက်လာကြတော့တယ် ။

အိပ်ရေးဝဝမအိပ်ခဲ့တဲအကျိုးဆက်က လူကိုခပ်နုံးနုံးဖြစ်စေလာတာကြောင့် ကော်ဖီသောက်ဖို့ ကော်ဖီဖျော်စက်နားကို သွားကာ ကော်ဖီခပ်ခါးခါးလေး တစ်ခွက်ကိုဖျော်လိုက်တယ် ။ အကုန်လုံးပြီးတာနဲ့ ကော်ဖီခွက်ကိုကိုင်ဖို့လုပ်လိုက်တော့ ဘေးနားကနေ ဖြတ်ကနဲ ယူသွားကာ ချက်ချင်းမော့သောက်လိုက်တဲ့သူကြောင့် သူကြောင်တောင်တောင်နဲ့မော့ကြည့်တော့ သူရဲ့ နှစ်ယောက်မရှိတဲ့ ဦးစီးမှူး ပေါက်စ ။

" ကော်ဖီအတွက်ကျေးဇူး Jungkook "

သူကိုတစ်ခွန်းမျှသာပြောပြီး ကော်ဖီခွက်ယူကထွက်သွားတဲ့သူကို မျက်စိတစ်ဆုံးလိုက်ကြည့်နေမိတယ်။ ပုံမှန်ဆို စိတ်တိုမိမှာဆိုပေမယ့် သူ့ကိုပြုံးပြသွားတဲ့ ပုံက ငြီးစီစီဖြစ်ချေင်နေတဲ့ သူ့စိတ်တောင် ဘယ်ရောက်သွားမှန်းပင်မသိ ။ ကော်ဖီမသောက်ရဘဲနဲ့ စိတ်တောင်ကြည်သွားသလိုလို...

ထိုအချိန်အချိန်မှာဘဲ အချက်ပေးခေါင်းခေါင်းသံကြောင့် ပြေးထွက်လာခဲ့တယ် ။ ဒီနေ့အတွက်တော့ စပြီဘဲ ။

" ဒီကြောင်ပေါက်စလေးက အဲ့အထိဘယ်လိုတက်သွားတာလဲ "

" မြေမညီတော့ လှေကားအကြီးထောင်လို့မရဘူး "

Emergency Love Where stories live. Discover now