4

530 93 2
                                    

Unicode

အလုပ်စဝင်ပြီး နှစ်လကျော်အတွင်းမှာ အကုန်လုံးနဲ့ အတော်အသင့်ကို ရင်းနှီးနေပြီဖြစ်တယ်... အဲ့ထဲမှာ Jimin hyung လည်းအပါအဝင်ပေါ့... အစက လက်ပေါက်ကပ်ပြီး စည်းကမ်းကြီးမယ်ထင်ထားပေမယ့်  တခြားသူတွေထက် jimin hyung နဲ့ကမြန်မြန်ရင်းနှီးလွယ်ခဲ့တယ်...။ အဲ့တာအပြင် သူ့အိမ်နဲ့ Hyungအိမ်နဲ့က လမ်းနှစ်လမ်းဘဲ ခြားတော့ အပြန် hyung ကားနဲ့တူတူပြန်ဖြစ်တာများတယ်။

ဒီအတောအတွင်းမှာ သူ့ရဲ့ hyung အပေါ်ထားတဲ့ထူးထူးဆန်းဆန်းစိတ်လေးကို အနည်းငယ် သတိထားမိလာတော့တယ်။ တစ်ချို့ခံစားချက်ကို တိတိပပ ခွဲခြမ်းကြည့်လို့မရနိုင်သေးပေမယ့် Jimin hyung ကိုမြင်တိုင်း ထိန်းမရတဲ့ စိတ်လှုပ်ရှားမှုသေးသေးလေးကတော့ ရှိနေဆဲဘဲ။

" ပဲခေါက်ဆွဲလာပို့တာပါ "

အတွေးတို့မဆုံးခင် မီးသတ်ရှေ့ကနေ လှမ်းခေါ်တဲ့ ပဲခေါက်ဆွဲပို့သမားလေးကြောင့် ထိုင်ရာကနေခပ်သွက်သွက်ထွက်သွားကာ သွားယူလိုက်ရတယ် ။ လက်ထဲတွင်ကိုင်ထားသော ပဲခေါက်ဆွဲဘူးအများကြီးကို သူလက်ထဲကိုထည့်ပေးပြီးသည်နှင့် အထဲကိုလှမ်းကြည့်နေတာကြောင့်...

" ကောင်လေး ဒါဘယ်သူမှာတာလဲ "

" Park Jimin နာမည်နဲ့ပါ...။ ငွေလည်းရှင်းပြီးပါပြီ "

" ဟုတ်ပြီ "

" ဒါနဲ့ hyung မီးသတ်ထဲဝင်ဖို့ဘာတွေလိုလဲ "

ထိုကောင်လေး မေးလာသောစကားတို့ကြောင့် မျက်ခုံးပင်မြင့်တက်သွားရသည်။ တော်ရုံလူငယ်တွေဆိုတာ မီးသတ်ကိုစိတ်ဝင်စားကြတာမှမဟုတ်တာ...

" hyung မေးပါအုံးမယ်... ကျောင်းသားလေးအသက်က ဘယ်လောက်ရှိပြီလဲ "

" ၁၅ နှစ်ရှိပြီဗျ အခုအချိန်ပိုင်းအလုပ်တောင်ဝင်လုပ်နေပြီ "

" အခုမှ အလယ်တန်းဘဲ ရှိသေးတာကို "

" နောက်နှစ်ဆိုအထက်တန်းရောက်ပါပြီ "

ဆူပုတ်ပုတ်လေးဖြေလာသော ကျောင်းသားလေးကြောင့် ခပ်ဟဟလေးသာ ရီမိလိုက်တော့တယ်...။ တစ်ကယ်ကို သူငယ်ငယ်ကပုံစံအတိုင်းဘဲ...

Emergency Love Where stories live. Discover now