3

518 93 2
                                    

Unicode

ဒီနေ့အလုပ်ကတော်တော်များခဲ့တာကြောင့်အပြန်လမ်းမှာ ကားသာမောင်းနေရတာလူက နုံးချိချိရယ်။ ရုံးကနေထွက်လာပြီးသိပ်မကြာ အနားမှာရှိတဲ့ ဘတ်စ်ကား မှတ်တိုင်စီအကြည့်ရောက်မိတော့ သိနေတဲ့ပုံရိပ်လေး ဖြစ်တာကြောင့်ကားကို ခပ်လှမ်းလှမ်းမှာထိုးရပ်ကာ လှမ်းခေါ်လိုက်တော့သည်။

" Jungkook "

သူခေါ်တဲအသံကိုကြားသည်နှင့် ဖုန်းကြည့်နေတဲ့ကောင်လေးက ခေါင်လေးဆက်ကနဲလှည့်ကာ ကြည့်လာပြီး သူရှိရာကိုချက်ချင်း ရောက်လာတော့တယ်။

" Jimin hyung? "

" ကားစောင့်နေတာလား "

" ဟုတ်တယ် နည်းနည်းနောက်ကျလို့လားမသိဘူး ကားတွေသိပ်မရှိတော့လို့ "

" လာ... တက် လိုက်ပို့ပေးမယ် "

" အာ ရပါတယ် အရင်လည်းပြန်နေကြဆိုတော့  ကိစ္စမရှိပါဘူး။ တကူးတကကြီး hyung လည်းပင်ပန်းနေတာကို "

" တက်စမ်းပါ ထမ်းသွားရတာလည်း မဟုတ်ဘဲနဲ့ "

" ဟီး ဒါဆိုလည်းကျေးဇူးဘဲ hyung "

သူထပ်ပြောမှ တက်လာတဲ့ကောင်လေးက သူမခေါ်မချင်းကားဂိတ်မှာ နာရီနဲ့ချီအောင်ထိုင်စောင့်နေမယ့်ပုံ။

" ဘယ်မှာနေတာလဲ "

" ဟန်နာရပ်ကွက်က မူလတန်းကျောင်း ဘေးလမ်းလေးဘဲ "

" ယုံအီလ်း မူလတန်းကျောင်းလား "

" အင်း အဲ့ဘေးလမ်း "

" တိုက်တိုက်ဆိုင်ဆိုင်ဘဲ Hyungအိမ်က အဲ့တာနဲ့ နှစ်လမ်းဘဲ ခြားတယ် ဒါနဲ့ တစ်ယောက်တည်းနေတာလား။ နယ်ကလာတယ်ဆိုလို့ "

" Eunwoo နဲ့ တူတူနေဖြစ်တယ်။ သင်တန်းသားဘဝထဲက ခင်ကြတာဆိုတော့ တာဝန်တူတူကျတော့ တူတူနေဖြစ်သွားတာ "

" အင်း။ အဆင်ပြေတာပေါ့ "

" Hyung ကရော မိသားစုတွေနဲ့ဘဲလား "

" တစ်ယောက်ထဲဘဲ မိဘတွေမရှိတော့တာ နည်းနည်းလေးကြာပြီ "

" sorry hyung "

သူ့ကိုမေးပြီးမှအားနာသွားပုံရတဲ့ ကောင်လေးက တောင်းပန်ပြီးငြိမ်သွားလေရဲ့။

Emergency Love Where stories live. Discover now