6 (final)

778 103 5
                                    

Unicode

ရက်တွေအလီလီပြောင်းခဲ့တာ အခုဆို သူဒီမှာတာဝန်ထမ်းဆောင်နေတာ ၈လပင်ရှိနေပြီဖြစ်သည်။ အရာရာဟာသူနဲ့အသားကျလာသလိုအံဝင်ခွင်ကျဖြစ်လာရတော့တယ်။

" မီးတော့ငြိမ်းသွားပြီ။ အဲ့အဆောင်ကလူတွေကို အရှေ့ဘက်ပြောင်းပေးထားတယ် "

" ဘယ်ကနေစလောင်တာတဲ့လဲ "

" ဝါယာကြိုးရှော့ဖြစ်တာလို့ပြောတယ်။ သေခြာတော့မသိသေးဘူး "

" အင်း အင်း ပင်ပန်းသွားပြီ။ ငါ လူနာတွေလိုက်ပို့လိုက်အုံးမယ် "

Eunwoo ကိုနှုတ်ဆက်ပြီး လူနာကိုကားထဲထည့်ကာ ဆေးရုံကိုထွက်ခဲ့လိုက်တယ်။

ဒီနေ့အကြောင်းအရာကတော့ ဘိုးဘွားရိပ်သာတစ်ခုမီးလောင်တာပင်။ အရမ်းကြီးကြီးကြီးကျယ်လောင်တာမျိုးမဟုတ်ပေးမယ့် အသက်ကြီးသူအများဆုံးရှိတဲ့နေရာမို့လို့  အရေးပေါ်အနေနဲ့ထားကာ လုပ်ပေးရတာ...

အလုပ်တွေလက်စသတ်ပြီး ရုံးကိုပြန်ရောက်တော့ Jimin hyung က တစ်နေရာသွားရအောင်ဟုဆိုကာ သူ့အားခေါ်ထုတ်လာခဲ့တော့သည်။

ပုံမှန်ကားကိုကိုယ်တိုင်မောင်းတဲ့ Hyung က ဒီတစ်ခါတော့ သူ့ကိုတစ်လှည့်မောင်းခိုင်းတော့တယ်။ ဘေးမှာငြိမ်ငြိမ်လေးထိုင်ကာ အပြင်ဘက်ကိုငေးနေတဲ့ hyungရဲ့လက်ကလေးကို လှမ်းဆုတ်ကိုင်လိုက်ပြီး ကားကိုသာ တစ်နေရာကို ဦးတည်ပြီးတော့သာ မောင်းနေလိုက်တော့တယ်။

ကုန်းမြင့်တစ်ခုပေါ်က အဆောက်အဦး ခပ်ကြီးကြီး တစ်ခုနားရောက်တော့ ကားကို တစ်နေရာမှာ ပါကင်ထိုးကာ နှစ်ယောက်လုံး ထိုအဆောက်အအုံရှိရာကိုတက်လာခဲ့လိုက်တော့သည်။

မှန်လေးရဲ့နောက်မှာ ရှိတဲ့ အရိုးပြာအိုးလေးရယ် မီးသတ်ဝတ်စုံအပြည့်နဲ့ ​ပြုံးနေသော သူလူကြီးတစ်ယောက်နဲ့ သူ့လက်ပေါ်မှာ ချီထားသော ကလေးလေးတစ်ယောက်...ဘေးမှာက ခပ်ချောချော အမျိုးသမီးတစ်ယောက်နှင့်ပုံလေး... ပြုံးနေသောလူကြီးနှင့် hyung က သားအဖလို့ပြောပြစရာမလိုအောင်ကို ရုပ်ဆင်ကြတယ်။

ဒါပေမယ့် hyung ငယ်ငယ်ကပုံလေးကိုမြင်တော့ သူ့စိတ်ထဲမှာ အရင်ကလည်းသိသလိုမျိုး စိတ်ထဲရင်းရင်းနှီးနှီးရယ်... Jimin hyung ပုံဘဲဟာကို ရင်းနှီးမှာပေါ့တွေးကာ ကိုယ့်အတွေးကို ဖျောက်ပစ်လိုက်တော့တယ်။

Emergency Love Where stories live. Discover now