5

478 92 0
                                    

Unicode

" ဘာစက်ရုံလဲ "

" ဖိနပ်စက်ရုံတဲ့ hyung "

" ဒီအချိန်က အလုပ်ဆင်းချိန်မို့လို့တော်သေးတာပေါ့ ဒီကတာဝန်ခံရော "

" ဟိုးဘက်မှာ "

သူလက်ညိုးလှမ်းထိုးပြတဲ့နေရာကို ပြေးသွားတဲ့ Jimin hyung ကိုတစ်ချက်ကြည့်လိုက်ပြီး အလုပ်စလိုက်တော့တယ် ။

အထဲဝင်ဖို့ အသင့်ဖြစ်တာနဲ့ ဘေးနားကိုပြန်ရောက်လာတဲ့ hyung က တာဝန်ယူရမယ့်နေရာတွေကိုဆက်တိုက်ခွဲပေးတော့တယ်။

" အထဲမှာအချိန်ပိုဆင်းနေတဲ့သူ ဆယ်ယောက်ကျော်ကျော်လောက်ကျန်သေးတယ်။ သူတို့က စက်ရုံရဲ့ မြောက်ဘက်ခြမ်းနဲ့အနီးဆုံးနေရာမှာရှိတယ်။ အဲ့တော့ လူခွဲမယ် ။ Se hwan ဘယ်ဘက်ကမီးနည်းပြီးဝင်လို့အဆင်ပြေမလဲ "

" အနောက်ဘက်ကအဆင်ပြေတယ် hyung "

" အဲ့တာဆို Sehwan မင်းက ကျန်တဲ့သူတွေဦးဆောင်ပြီး မီးငြိမ်းဖို့လုပ် ။ Shin နဲ့ Jungkook နဲ့က ငါနဲ့လိုက်ခဲ့ အနောက်ဘက်ကနေဝင်ပြီး ပိတ်နေတဲ့သူတွေကိုကယ်ထုတ်ရမယ် "

စက်ရုံရဲ့အနောက်ဖက်ရောက်တော့ အထဲဝင်ဖို့ကြိုးစားပေမယ့် မီးအရမ်းကြီးလွန်းတာကြောင့် တော်တော်နဲ့အထဲမရောက်နိုင် ။ ပထမဆုံး တစ်ကိုယ်စာဝင်ဖို့ကိုသာအာရုံထားလိုက်ပြီး အနားမှာရှိတဲ့ မီးတစ်ချို့ကိုငြိမ်းပြီးအထဲဝင်လာခဲ့တော့တယ် ။

တစ်ချို့နေရာတွေမှာ ပြိုကျနေတာကြောင့်အထဲကိုသတိကြီးကြီးထားဝင်ခဲ့ရသည်။

အဲ့ အချိန်မှာဘဲ ရှေ့ကသွားနေတဲ့ Jimin hyung က ခြေဟန်လက်ဟန်နဲ့ ညာဘက်မှာရှိတဲ့ တံခါးတံပေါက်ကိုထိုးပြတာကြောင့် သတိထားကာထို တံခါးကိုဆွဲဖွင်လိုက်တော့ အထဲမှာ ရှိနေတဲ့လူတစ်အုပ်ကိုတွေ့လိုက်ရတယ် ။

တစ်ယောက်ပြီးတစ်ယောက် အပြင်ကိုထုတ်ပေးလို့ ပြီးချိန်မှာဘဲ အခန်းထောင့်မှာ အသက် ၅၀ ကျော်အရွယ် လုံခြုံရေးဝန်ထမ်း အဝတ်အစားနဲ့ ဦးလေးကြီးတစ်ယောက်လဲနေတာတွေ့တော့...

" ဒီမှာ တစ်ယောက်... ဒီမှာတစ်ယောက် ဒါဏ်ရာရထားတယ်ထင်တယ် "

အဲ့အချိန်မှာဘဲ မီးခိုးလိုအခိုးအငွေ့တွေက တစ်မဟုတ်ချင်းပြည့်နှက်လာတယ် ။

Emergency Love Where stories live. Discover now