Part ~ 1 ✨ ( uni + zaw )

1.4K 67 6
                                    

" သူ့ကိုသတ်ပါ အရှင်..."

Glorina ၏စကားသံကြောင့် ဓားတော်ကိုကိုင်ထားတဲ့အရှင်က တဖြေးဖြေးနီးကပ်လာခဲ့သည်...

" ငါဘာလုပ်မိလို့ ငါ့ကိုအဲ့လောက်မုန်းနေကြတာလဲ...ငါဘာများမှားခဲ့မိလို့လဲ..နင်တို့ကိုငါဘာလုပ်ခဲ့မိလို့လဲ..."

နာကျည်းစွာပြောနေသံသည် စူးရှစွာထွက်ပေါ်လာသည်...ထိုအသံသည် နွေဦးလေပြည်လိုအေးမြပြီး ချိုသာသော်လည်း အသံမှဝမ်းနည်းမှုကိုထင်ရှားစွာ ခံစားရနိုင်သည်...

" မင်းက လူမှမဟုတ်တာ မင်းကမကောင်းဆိုးဝါးပဲလေ...မကောင်းဆိုးဝါးတကောင်ကိုသတ်တာ မမှားဘူးမလား.."

သွေးအေးစွာပြောနေသည်က ကြင်နာတတ်သောအရှင်ဟုပင် မထင်ရလောက်သည်အထိ ‌လေသံသည် အေးစက်နေခဲ့သည်...
မကြာမှီမှာပင် ထိုဓားသည် ကျော့ရှင်းလှသောလည်တိုင်ဖြူဖြူပေါ် နီစွေးသောသွေးတို့ကျ‌ဆင်းလာအောင် ဖြတ်ပိုင်းလိုက်သည်..

လဲကျသွားသော အဖြူရောင်ကိုယ်ထည်လေး
ကြွေလွင့်သွားသောမျက်ရည်စက်များ
ကျဆင်းလာသော သွေးနီနီတို့နှင့်အတူ
ကြေကွဲသွားသော နှလုံးသားတခုသည် အဆုံးသတ်သွားခဲ့ပေပြီ...

Angelina Fasser သေဆုံးသွားပြီးနောက်မှာတော့ Glorina နှင့် အိမ်ရှေ့စံ Joe Offin တို့သည် လက်ထပ်ခဲ့ကြပြီး အင်ပါယာကိုကောင်းမွန်စွာအုပ်ချုပ်ကာ ချစ်ခင်စွာနေထိုင်သွားခဲ့ကြသည်....

ပြီးပါပြီ

*********************************

" ဒါဘယ်လိုအဆုံးသတ်ကြီးလဲ "

Empoli ၏ အလိုမကျသံက ရုတ်တရက်ထွက်ပေါ်လာသည်...

ငါ့မှာတော့ ဒီဇာတ်လမ်းရဲ့အဆုံးသတ်ကိုသိချင်လို့ ဒီလောက်ထိကြာအောင်စောင့်ဖတ်ခဲ့ရတာလေ တစက်မှမတန်ဘူး ...
အဲ့အိမ်ရှေ့စံဆိုတဲ့အကောင်က သူ့မယားဘာလုပ်လုပ် ဘာပြောပြောယုံတယ်ပေါ့ ခေါင်းမသုံးတတ်ဘူးလားမသိဘူး
နတ်သူငယ်တပါးကိုများ မကောင်းဆိုးဝါးဆိုပြီး သတ်ခဲ့တာကို ဘာကောင်းလို့လဲ...

"ဟေ့ poli မင်း Between Fairy and the Prince ရဲ့နောက်ဆုံးပိုင်းကိုဖတ်ပြီးပြီလား "

꧁ℝ𝔼𝔹𝕀ℝ𝕋ℍ 𝕀ℕ 𝔸 𝔽𝔸𝕀ℝ𝕐𝕋𝔸𝕃𝔼꧂ «♡Complete♡» Where stories live. Discover now