Please scroll down to read with Zawgyi 🌻
This baby is turning 1 year in Nov 26th and this is the one and only extra.
Uni
Joe ကမ်းစပ်သို့ ရောက်ချိန်တွင်တော့ အသက်မဲ့နေသော ချစ်ရသူ၊ကလေးငယ်နှင့် စာလေးတစ်စောင်ကိုသာ တွေ့မြင်ရတေ့ာသည်။ ထုံကျင်နေဿာ နှလုံးသားသည် ချစ်ရသူပြန်မလာနိုင်မှန်း နားလည်နေပါလိမ့်မည်။
ကလေးငယ်နား တိုးကပ်မိတော့ သွားဖုံးလေးအားပေါ််အောင် ပြုံးပါလာသော်လဲ မျက်ဝန်းသေးသေးလေးမှာတော့ မျက်ရည်များတွဲခိုလျက်....။
" ပါးပါးက မနိုးလာတော့ဘူး ။ ပါးပါးက သားခေါ််တာကိုလဲ မထူးဘူး ။ "
" ပါးပါး ? "
ကျင်တက်သွားသော နှလုံးသားကြောင့် ကလေးငယ်အား သေချာစွာကြည့်မိလိုက်သည် ။ မျက်ဝန်းပြာပြာ ၊ နားရွက်ချွန်ချွန်လေးနှင့် ကလေးငယ်သည် ချစ်ရသူ၏ ပုံစံငယ်လေးအလား ။ နံဘေးမှ ခပ်ညစ်ညစ်ဖြစ်သော စာရွက် ညိုညိုလေးအား လက်လှမ်းမိလိုက်သည် ။
* Darlin...
ခင်ဗျား ဒီစာကို ဖတ်နေချိန် ကျုပ်က ခင်ဗျားဘေးမှာ အသက်မဲ့စွာနဲ့ လှဲလျောင်းနေမှာပေါ့ ။ ကျုပ်လေ ခင်ဗျားကို အရမ်းချစ်ခဲ့တာ ။ ကျုပ်နဲ့မဆိုင်မှန်း ၊ မပတ်သက်သင့်မှန်းသိတာတောင် ကျုပ်ရဲ့အရာအားလုံးခင်ဗျားကိုပေးခဲ့မိတာ ။ လျှို့ဝှက်ချက်တစ်ခုပြောပြမယ် ။
ကျုပ်နာမည်က Angelina မဟုတ်ဘူး Poli ... Empoli ။ ကျုပ်က ခင်ဗျားတို့နဲ့ မသက်ဆိုင်တဲ့ ကမ္ဘာတစ်ခုကလာခဲ့တာ ။ ခင်ဗျားကျုပ်ကို Angelina ဆိုပြီး တွေးနေတိုင်း ကျုပ်နှလုံးသားက နာတယ် ။ ခင်ဗျား တစ်ကယ်ချစ်ခဲ့တာက နတ်သားငယ် Angelina ပါ ။ ဝိဉာဉ်ကူးပြောင်းလာတဲ့ သာမာန်ကောင်လေး Empoli ကိုမဟုတ်ဘူးလေ ။ ခင်ဗျားပြန်လည်မွေးဖွားလာတာကို ကျုပ်မသိဘူးထင်နေခဲ့တာလား ?
ကျုပ်နဲ့တွေ့ရမယ့် အချိန်မတိုင်ခင်မှာ ခင်ဗျားအစောကြီးရောက်လာခဲ့တာတွေ၊ Angelina ရဲ့ အကြိုက်တွေကို တခုမှပြောစရာမလိုဘဲနဲ့ သိနေခဲ့တာတွေ ၊ ကျုပ်သတိမထားမိရင် ကျုပ်ကငတုံးဖြစ်နေမှာပေါ့ ။
ဘာပဲပြောပြော ခင်ဗျားကို ကျေးဇူးပါ ။ ကျုပ်ဘဝမှာ မခံစားဖူးတဲ့ ချစ်ခြင်းမေတ္တာကို 6 လလောက် ကျုပ်ခံစားခဲ့ရတယ် ။ တန်ပါတယ်လေ ။
BINABASA MO ANG
꧁ℝ𝔼𝔹𝕀ℝ𝕋ℍ 𝕀ℕ 𝔸 𝔽𝔸𝕀ℝ𝕐𝕋𝔸𝕃𝔼꧂ «♡Complete♡»
RomanceIf you rebirth in a FairyTale that full of hates, what will you do ? A fairy full of hate... A prince full of regret... Which way they will choose ? ꧁L.O.V.E ( or ) R.E.V.E.N.G.E꧂ #Not Translation #Not Normal ∆ My Own Creation ∆ BL & Bromance Publ...