Part~3✨ ( uni + Zaw )

594 64 0
                                    

ဒီအပိုင်းကစပြီး Empoli ကို Angelina Fasser လို့ပဲသုံးပါတော့မယ်

အောက်တွင်ပါဝင်သောအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးသပ်သပ်သာ ဖြစ်သည်..

✨❤️✨

Angelina သူ့ရဲ့စိတ်ကိုခနအနားပေးလိုက်ပြီးနောက်မှာတော့ Hanzi ကိုပြန်ခေါ်လိုက်တယ်... ဘာလုပ်ဖို့လဲဆိုရင်တော့ အပြင်ထွက်ဖို့ပါပဲ.... ဇာတ်လမ်းထဲမှာကတော့ နောက်ထပ်နှစ်နည်းနည်းကြာမှသွားမှာ ဆိုပေမယ့် သူကတော့အချိန်မဖြုန်းချင်ဘူးလေ...

မြန်မြန်လက်စားချေမယ်...မြန်မြန်ပဲအိမ်ပြန်မယ်...အိမ်မပြန်ခင်မုန့်ပတ်စားမယ်...
အဲ့တော့ မုန့်မြန်မြန်ပတ်စားနိုင်ဖို့ မြန်မြန်လက်စားချေရမယ်....

" Hanzi...အထဲဝင်လာခဲ့ပါဦး "

" ဟုတ်...မင်းသား ... အဆင်ပြေရဲ့လား ခနက..."

" ပြေတယ် ... ငါတို့ဒီညထွက်မယ် Hanzi "

ရုတ်တရက်ကြီးထွက်မယ်ပြောတဲ့ မင်းသားငယ် စကားကြောင့် အံ့ဩသွားမိတယ်...
ပြောတော့ နောက် 2 နှစ်လောက်နေဦးမယ်ဆို

" ဒီ ဒီည?... မမြန်လွန်းဘူးလား မင်းသားရယ် "

စိတ်ပူနေတဲ့ပုံစံနဲ့မေးတဲ့ Hanzi ကြောင့် သူ့ကိုပြောလိုက်တာ မှားသွားပြီလားတောင်တွေးမိလိုက်တယ်....
ဟုတ်တယ် ငါ့ဘာသာထွက်တာပိုကောင်းမယ်...Hanzi ပါပါနေရင် အဆင်ပြေမှာမဟုတ်ဘူး....

" အင်း..နည်းနည်းမြန်နေတယ်ထင်တယ်နော်"

" ဒါပေါ့ "

" အဲ့တာဆို နောက် 2 ပတ်လောက်နေမှသွားမယ် Hanzi လိုတာတွေစုထားပေး "

" အမိန့်အတိုင်းပါမင်းသား "

လှည့်ထွက်သွားပြီဖြစ်တဲ့ Hanzi ရဲ့နောက်ကျောကိုကြည့်ရင်း

" ဒုက္ခခံလိုက်ပါဦး Hanzi " လို့တိုးတိုးသာရေရွတ်မိတယ်...

သူအခုလုပ်ရမှာက သူ့မိခင်Mother of Fairy Land ဖြစ်တဲ့ Angel Thiranafasa ကိုသွားတွေ့ရမယ်...

သူ့သစ်ပင်အိမ်ကနေထွက်ပြီး ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်မိတယ်...
သူ့မှတ်ဉာဏ်တွေထဲမှာ ရှိပြီးသားဆိုပေမယ့် ကိုယ့်မျက်လုံးနဲ့ကိုယ်တိုင်တွေ့လိုက်ရတော့ အံ့ဩမိတယ်...
စိမ်းလဲ့နေတဲ့ သစ်ပင်တွေ လှပစွာကျဆင်းနေတဲ့ ရေတံခွန်ကြီးနဲ့ ကြည်လင်နေတဲ့စမ်းချောင်းလေး... စမ်းချောင်းလေးနားမှာရေသောက်ဆင်းနေကြတဲ့ လှပတဲ့အတောင်ပံ ဦီးချိုတွေနဲ့ unicorn တွေ.. Angle အဖြစ်ပြောင်းလဲနိုင်ဖိူ့ ကျင့်ကြံနေကြတဲ့ fairy တွေ... စမ်းချောင်းဘေးကကျောက်ဆောင်အစွန်းလေးတွေမှာ ထိုင်ရင်းရယ်မောနေကြတဲ့ Mermaid တွေ
အေးချမ်းစွာဆော့ကစားနေကြတဲ့ တိရစ္ဆာန်လေးတွေနဲ့ ဒီနေရာကြီးက သုခဘုံတခုလို...
( A/N : အောက်တွင်ပုံများပါဝင်သည် )

꧁ℝ𝔼𝔹𝕀ℝ𝕋ℍ 𝕀ℕ 𝔸 𝔽𝔸𝕀ℝ𝕐𝕋𝔸𝕃𝔼꧂ «♡Complete♡» Where stories live. Discover now