Part ~ 12 ✨( uni + Zaw )

377 39 5
                                    

" အင်း~~ "

ညည်းသံသဲ့သဲ့ကြောင့် Joe ရဲ့အိပ်ချင်စိတ်တွေပြေပျောက်သွားရသည်...
ရင်ခွင်ထဲက နွေးထွေးနေတဲ့တစုံတခုကြောင့် ငုံ့ကြည့်လိုက်‌မိတော့ လှပစွာအိပ်ပျော်နေတဲ့ နတ်သားငယ်...
ကော့ညွန့်နေတဲ့မျက်တောင်ရှည်‌ကြီးတွေက လှပလှတဲ့ အပြာရောင်မျက်ဝန်းလေးကိုဖုံးအုပ်ထားတယ် ‌ဇင်ယော်တောင်ထပ်လှတဲ့ မျက်ခုံးသွယ်သံယ်လေးက မျက်ဝန်းလေးကို ပိုမိုလှပအောင် အားဖြည့်ပေးထားတယ်...
ဖြောင့်စင်းနေတဲ့နှာတံလေးက လှပတဲ့ဆင်ခြေလျှောလေးတခုလို... နှင်းဆီရောင် နှုတ်ခမ်းဖူးဖူးလေးက လှပမှုကိုဖြည့်စွက်ပေးနေတယ်...
လှပလွန်းတဲ့နှုတ်ခမ်းတွေနဲ့ ချိုမြိန်လွန်တဲ့အနမ်းတွေ မနေ့ညကိုပြန်တွေးမိတော့ Joe မျက်နှာပြုံးရွှင်လာတယ်... ဒါပေမယ့် ချက်ချင်းပဲ ဟိုမိန်းမကိုတွေးမိပြီးညို့မှိုင်းသွားတယ်... အရင်ဘဝက ချစ်ရတဲ့သူကိုကိုယ်တိုင်သတ်စေပြီး အကြီးမားဆုံးနောင်တကို ပေးခဲ့တဲ့မိန်းမ... ဒီဘဝကျတော့ ချစ်ရသူကို ဖျတ်ဆီးဖို့ကြံတယ်...
" Glorina... Glorina...ငါမင်းကိုအလျော့ပေးမိသွားတာလား.. ဟက်..."

" အွန်း~~~Darling ~~~ "
သံရှည်ဆွဲခေါ်တဲ့ ခေါ်သံလေးနဲ့အတူပွင့်အာလာတဲ့ မျက်ဝန်းငယ်ကြောင့် သူငုံ့ကြည့်လိုက်မိတယ်.... ရင်ခွင်ထဲက အကောင်လေးဟာ ခနတာတော့ အိပ်ချင်မပြေသေးပုံ မျက်တောင်တဖျတ်ဖျတ်ခတ်နေသေးတယ်... ခနအကြာမှာတော့ အံ့ဩသွားဟန် သူ့ကိုမော့ကြည့်လာပြီး..." J...Joe...ဘယ်..ဘယ်လိုဖြစ်ပြီး..."

" အိုး...Joe တဲ့လား မနေ့ညတုန်းက Darling လို့ညည်းနေခဲ့တာလေကွာ...."
ကောင်ငယ်လေးရဲ့ဆံနွယ်တွေကို သပ်ရင်းပြောလိုက်တော့ ချက်ချင်းစောင်ကြီးခြုံပြီးထဖို့ကြံတယ်... ဒါပေမယ့် မနေ့ညကပထမဦးဆုံးအနေနဲ့ ဆက်ဆံခံထားရတဲ့ တွင်းငယ်က နေသားမကျဘဲ ခါးရိုးတခုလုံးအပြင် ကျောရိုးကပါ‌နာနေတာကြောင့် ချက်ချင်းပဲ ပြန်လှဲချလိုက်တယ်...
Joe ကလဲ ကောင်လေးရဲ့ခါးကိုပြန်ဖက်လိုက်ကာ
" ဒီတိုင်းနေပါဦး Honey ရဲ့.... ကိုယ်လုပ်ပေးပါ့မယ် "
Joe ဟာပြောရင်းနဲ့ပဲ အိပ်ရာကထလိုက်ပြီး Angelina ရဲ့နဖူးပေါ်ကို အနမ်းတပွင့်နဲ့ခြေချလိုက်တယ်...ပြီးတာနဲ့ ဘေးမှာရှိတဲ့ ရေချိုးဝတ်စုံကိုကောက်ဝတ်လိုက်ပြီး ရေချိုးခန်းထဲကို ဝင်သွား‌ေတာ့သည် ။
ခနအကြာမှာ ပြန်ထွက်လာပြီး Angelina ကိုပွေ့ယူကာရေစပ်ထားပြီးသား ရေချိုးကန်ထဲထည့်ပေးရင်း ခန္ဓာကိုယ်တလျှောက်လုံးကိုသန့်စင်ပေးနေပါချေသည် ။
ပြီးတာနဲ့  အဝတ်အစားကိုပါကိုယ်တိုင်လဲပေးပြီး Dinning Room ရှိရာဘက်ကို ချီပြီးခေါ်လာတော့တယ် ။

꧁ℝ𝔼𝔹𝕀ℝ𝕋ℍ 𝕀ℕ 𝔸 𝔽𝔸𝕀ℝ𝕐𝕋𝔸𝕃𝔼꧂ «♡Complete♡» Where stories live. Discover now