4

955 119 2
                                    

*မရောက်သေးဘူးလား မင်း က ဒီမှာ ခဏနေ ငါ မွေးနေ့ကိတ်တောင်ခွဲတော့မှာနော်။ မစောင့်ဘူး။*

ယတိပြတ်ပြောပြီးတာနှင့်ဖုန်းချပစ်လိုက်ကာ အင်္ကျီအိတ်ထောင်ထဲ ထည့်ထားလိုက်သည်။ မနက်ကတည်းက အစောကြီးလာဖို့မှာထားတာ တောင် ခုထိရောက်မလာသေးသည့် Singto ကို စ်ိတ်ဆိုးချင်သည်။ သူ့မှာတော့ ဝတ်ထားသည့်လက်ပတ်ကြိုးအနီကလေးကိုခဏခဏကြည့် ကာ ဖူးစာဖက်ကိုတွေ့လျှင် Singto နှင့် ဝေမျှပျော်ရွှင်မည်ဟု တွေးကာ စိတ်ချမ်းသာခဲ့သမျှ။

"သားရေ ခဏနေ ကိတ်ခွဲတော့မယ်နော် အသင့်ပြင်ထားဦး။"

Mae က အနားကပ်ကာ တိုးတုိးလေးလာပြောသွားသည်။ အဖြူရောင်အနောက်တိုင်းဝတ်စုံဖြင့် ပွဲတွင်ထင်းလင်းနေသည့် Krist က တကယ့် ကို ရွှေမင်းသားလေးသဖွယ်။ ဂုဏ်သရေရှိကြီးမားသည့် အသိုင်းအဝိုင်းမို့ မွေးနေ့ပွဲကို တက်ရောက်ချီးမြှင့်သူတွေကလည်း အများ အပြား။ ဟိုတယ်ခန်းမတစ်ခုတွင်ကျင်းပသည်မို့ ခန်းမအဝင်ထောင့်နားလေးတွင် Krist တစ်ယောက် မျက်လုံးလေးဟိုကြည့်ဒီကြည့်ဖြင့် ခဏလေး ပဲရောက်တော့မည်ဟူသည့် Singto ကိုရှာနေမိသည်။ ခုချိန်ထိ ရောက်မလာနိုင်လောက်အောင် Krist ထက်ပိုပြီးအရေးပေးစရာ များရှိနေသ လား ဟုလည်းတွေးကာ စိတ်ကခုရသေးသည်။

"မင်း အပြစ်ပဲ ။မစောင့်တော့ဘူး။"

ကိတ်တင်ထားသည့်စင်ဆီသွားမည်ပြင်စဉ်မှာပင် လက်ကောက်ဝတ်က ခင်တင်းတင်းရစ်ပတ်သလိုခံစားရကာ por ပြောသလို လက်တောင် အောင့်သွားရသည်။ဒိတ်ခနဲရင်ခုန်သံနှင့်အတူ အနောက်ကိုချက်ချင်းလှည့်ကြည့်လိုက်မိသည်။ကော်ရစ်တာလမ်း တွင် ဖုန်းပြောနေပုံရသည့် တစ်ဦးတည်းသော မိန်းကလေး။ ပျိူမြစ်နုနယ်ခြင်းနှင့် လှပခြင်းအချိူးကျသလို ဆွဲဆောင်မှုရှိခြင်းနှင့် တည်ငြိမ်အေးချမ်းခြင်းလည်း အချိူးကျ သည်။ အတော်လေးလှသည်ဟု သတ်မှတ်နိုင်သည့် မိန်းကလေးသည် ဖုန်းချလိုက်ရင်းက သူမ ကိုမျက်လုံးအပြူးသားဖြင့် ငေးကြည့် နေသည့် Krist ကို ယောင်တောင်တောင်လေးပြုံးပြလာသည်။

Krist စိတ်လိုလက်ရပြုံးလိုက်မိပါတော့သည်။

"မွေးနေ့ပွဲကိုလာတာလားခင်ဗျ။"

ဖူးစာကြိုးကလေးWhere stories live. Discover now