6

999 114 1
                                    

Part-6

Krist ၏ရက်သတ္တပတ်တို့သည် သာယာချောမွေ့နေခဲ့သည်။အရင်တုန်းကလိုပင် Singto က အိမ်ကိုလာသည်။ တစ်ခါတစ်လေ Krist မကြိုက်တာ တွေလုပ်ရင်း စိတ်ဆိုးအောင်စတတ်သည်။တစ်ခါတစ်လေ အလုပ်တွေပန်းလို့ စိတ်ဆင်းရဲလျှင် Krist က Singto ကို ဘာမှ မဆိုင်ဘဲစိတ်ဆိုးတတ်သေးသည်။ထိုအခါမျိူးဆိုလျှင် ကုမ္ပဏီက ဒီဇိုင်းအလုပ်တွေနှင့်ရှုပ်နေရင်းကနေ Singto တစ်ယောက် Krist ရုံး ကို ပြေး လာရစမြဲပင်။ဒီလိုသူငယ်ချင်းလေးကို ချစ်လည်းချစ် သနားလည်းသနားမိရင်းက သူ့အတွက်လည်း လက်တွဲဖော်ကောင်းရှာပေးဖို့ရန် တွဲမိရသေးသည်။

ယခုလက်ရှိ မျက်စိရှေ့ အမျိူးသမီး Lin။ သူမသည် Krist တို့ကုမ္ပဏီ၏ ဖက်စပ်လုပ်ငန်းအတွက် တစ်ဖက်ကုမ္ပဏီက တာဝန်ခံအဖြစ် ရုံးလာထိုင်နေခြင်းဖြစ်သည်။ တောင့်တင်းခိုင်မာသည့် စီးပွားရေးလုပ်ငန်းနောက်ခံရှိသလို ထူးချွန်ထက်မြက်သည့် Lin နှင့် Krist ကို တစ်ချိူ့ သူများက တစ်ခါတစ်လေ စနောက်ချင်ကြသေးသည်။ ဒါတွေကို Krist က အားနာရပေမယ့် Lin ကတော့ ဂရုမစိုက်။ကိုယ်ကောင်းလျှင် ခေါင်းမရွေ့ဟု ခံယူထားသည့်မိန်းကလေးဖြစ်သည်။ထို့သို့သော မိန်းကလေးက Krist ဆီကို ခဏခဏလာနေသည့် Singto ကို သဘောကျပါသည်တဲ့လေ။ ရေကန်အသင့်ကြာအသင့်ပေါ့။ Krist ကတော့ သဘောတွေ့လေသည်။

"Krist ရှင့်လူက လာမှာရော သေချာပါတယ်နော်"

"လာမှာပါ ။ကျွန်တော် ညစာကျွေးမယ်ဆိုလို့ သူ ပျော်နေသေးတာ။"

စားသောက်ဆိုင်၏သီးသန့်အခန်းထဲတွင် Lin က တမျှော်မျှော်။ သိပ်တောင်မကြာလိုက်။တံခါးလေးပွင့်လျက် Singto ဝင်လာသည်။ Krist ကိုအရင်မြင်သော Singto သည် နှစ်လိုစွာပြုံးပြပြီးမှ မျက်နှာချင်းဆိုင်က Lin ကိုမြင်တော့ မျက်နှာခပ်တည်တည်လေးဖြစ်သွားသည်။ပြီးတော့မှ လှိုက်လှိုက်လှဲလှဲ ပြုံးပြနေသည့် Lin ကိုအားနာဟန်ဖြင့် ပြန်ပြုံးပြလိုက်ရင်း Krist ဘေးက ခုံတွင်ဝင်ထိုင်သည်။

"နောက်မကျဘူးမလား."

"အင်း ဟင်းတွေလည်းခုမှ လာချပေးသွားတာ"

"ငါ့ကိုညစာကျွေးမယ်ဆိုပြီး ဧည့်သည်ပါမယ်လို့လည်း မပြောဘူးနော်."

ဖူးစာကြိုးကလေးWhere stories live. Discover now