2

1.6K 183 4
                                    

Part-2

အတန်းထဲ ခဏထိုင်ရုံရှိသေး  Krist နားသို့ ခပ်တိုးတိုးပြောလာသည့် Wad ထံမှကြားလိုက်ရသည့် စကားကြောင့် လွယ်အိတ်ကိုတောင် ဘယ်လိုပစ်ချခဲ့မှန်းမသိဘဲ ကျောင်းအနောက် ဘက် မသုံးတော့သည့် အခန်းဟောင်းတွေဘက် အမြန်ပြေးသွားမိတော့သည်။

# Singto ရန်ဖြစ်နေတယ်တဲ့ ဟိုနောက်ဆုံးနှစ်က တစ်ဖွဲ့နဲ့တဲ့ကွ. သူ့ဘက်မှာက New တို့အုပ်စုပဲရှိတာ.#

Krist မရပ်မနားပြေးလာသည်။နောက်ဆုံးနှစ်က တစ်ဖွဲ့ဆိုသည့်ဝေါဟာရအောက်တွင် ထိန်းမနိုင်သိမ်းမနိုင်၍မကြာခဏ အပြစ်ပေးခံသတိပေး ခံရသည့် လူဆိုးကောင်တွေပါဝင်သည်။နောက်တစ်ခေါက်ဆို ပြင်းပြင်းထန်ထန်အရေးယူမည်ဟု သတိပေးခြင်းခံထား၇ သည့် အုပ်စုနှင့် Sing က။

ထိုနေရာဆီရောက်တော့ Singto ကိုချိန်ရွယ်နေသည့် တုတ်တစ်ချောင်းနှင့် လူကြောင့် မျက်လုံးကပြာဝေသွားရရင်းခဲ ခပ်ကြီးကြီး နှင့် ကောက် ပစ် ပေါက်လိုက်သည်။ နဖူးကိုတည့်တည့်ထိမှန်သွားတော့ သွေးတွေက ဖြာခနဲစီးကျလာသည်။ Singto လည်းတအံ့တသြလှည့် ကြည့်လာ သည်။ကျန်တဲ့လူတွေက Krist ထံဦးတည်လာတော့ Singto နှင့် New တို့နှင့်တဖန်ပြန်တိုက်ခိုက်ကြပြန်သည်။ Krist လည်း မနေသာ ရင်း ဖြင့် ဘေးက သစ်သားချောင်းတစ်ချောင်းကောက်ယူကာ ဝင်ရိုက်တော့သည်။ Singto မျက်နှာတွင်က ဒဏ်ရာဒဏ်ချက်ပေါင်း များစွာဖြင့်။

“Kit.တောက်-သေချင်တဲ့ကောင်တွေ.”

ရိုက်ချက်တစ်ခုက Krist ၏ဘယ်ဘက်ကိုထိထိမိမိရိုက်မိသွားသဖြင့် ထိုလက်ကိုကိုင်ကာ Krist ယိုင်လဲသွားသည်။ပြင်းပြင်းထန်ထန်နာကျင်မှု ကြောင့်ပျက်ယွင်းနေသော Krist ၏မျက်နှာသည် Singto ၏ဒေါသကိုလောင်စာဖြည့်သည်။ဒေါသတကြီးဖြင့် မဲမဲမြင်ရာ ရိုက်လေတော့ စိတ်ဆောင်နေသည့် Singto ကြောင့် တစ်ဖက်က အထိနာသည်။

“Sing တော်တော့ လက်လွန်မယ်။”

Krist နာကျင်နေသည့်ကြားမှ လှမ်းအော်ရသေးသည်။ခဏ ကြာတော့ Wad ခေါ်လာသည့် ကျောင်းသားရေးရာခေါင်းဆောင်နှင့် လူများ ကြောင့်လူစုကွဲကာ ရန်ပွဲရပ်သွားကြတော့သည်။ ကျောင်းသားရေးရာခေါင်းဆောင်က ပြဿနာမရှည်စေချင်သည်မို့ သတိပေးခြင်းဖြင့်သာ လူစုခွဲသည်။

ဖူးစာကြိုးကလေးWhere stories live. Discover now