3

1.3K 173 4
                                    

Part-3

ကန်တင်းတွင် လင်ဗန်းလေးဖြင့် ထမင်းပွဲကို လက်တစ်ဖက်တည်းဖြင့် သယ်မည်ပြင်တော့ လက်တစ်စုံက ဖြတ်ယူသွားပေးသည်။

"လာ ထမင်းဗန်းလေးတော့ သယ်ပေးပါရစေ။စိတ်ဆိုးတာလည်းဆိုးပေါ့."

ခါတိုင်းလိုပြုံးစစမျက်နှာဖြင့်သာ ဝိုင်းတစ်ခုတွင် Krist ထမင်းဗန်းကိုတင်ပေးသည်။သူ ဝယ်လာပုံရသည့် PinkMilk တစ်ဘူးကိုလည်း ဘေးတွင်ချထားပေးသည်။ညိုမည်းနေသည့် ဒဏ်ချက်တို့ဖြင့် Singto မျက်နှာကိုကြည့်ကာ တစ်ခုခုပြောရန်ပြင်လိုက်စဉ်မှာပင်-

"သိတယ်။ငါ ဟိုဘက်ဝိုင်းမှာစားမှာပါ။ မင်းကို လာယူပေးတာ.အေးဆေးစား။ပြီးရင် စာကြည့်တိုက်သွားမှာမလား။"

Krist နှုတ်ဆိတ်နေလိုက်မိသည်။အမှန်က ထမင်းဒီမှာပဲစားလိုက်တော့ လို့ပြောမလို့ကို။နေပါစေတော့လေ။ ထမင်းစားဖို့သာ အာရုံစိုက်လိုက်သည်။

"ဝုန်း--"

"ချွမ်း--ဂလွမ်း."

"ဟာဗျာ လူတောင်မမြင်ဘူးလား။"

ဆူဆူညံညံအသံတွေကြောင့် မော့ကြည့်လိုက်တော့ Singto က တစ်ယောက်ယောက်ကိုတိုက်မိလိုက်ပုံရသည်။ကြည့်နေရင်းပုံမမှန်သည်က Singto။ မြေပြင်ပေါ်တွင်ပုံရက်သားဖြင့် ပြန်မထလာသေး။ အတိုက်မိခံရသည့် ကျောင်းသားသည်သာ ကျသွားသည်များကိုပြန်သိမ်းဆည်းနေ သည်။ လက်တစ်ဖက်ထောက်လျက် ထရန်ပြင်ပြီးပြန်လဲကျသွားသည့် Singto ထံ အပြေးအလွှားရောက်လာမိတော့သည်။

မနက်က မတော်တဆထိမိလိုက်သည့် ခပ်နွေးနွေးလက်ဖျားတွေ။

"Sing"

ညာလက်ဖြင့် သူ့လက်မောင်းကိုထိန်းကိုင်လိုက်တော့ ပူကျစ်နေသည့်အထိအတွေ့။Singto ၏သူငယ်ချင်းတွေလည်း ပြေးလာတာတွေ့သည်။

"ဒီကောင် နေမကောင်းလို့ ဆေးခန်းသွားမယ်ပြောနေတာကို ပေကပ်နေတာ Krist ရာ။ခု ကြည့် ထတောင်မထနီုင်တော့ဘူး။"

Krist က လက်မနိုင်သည်မို့ New တို့က Singto ကိုကူပြီးတွဲထူကာ အနီးက ခုံတစ်လုံးတွင်ပင်ထိုင်စေလိုက်သည်။လူရှင်းသည့်ချိန်မို့ ထမင်းစားနေကြသည့်သူအချိူ့ကလည်း သူ့အာရုံနှင့်သူ။

ဖူးစာကြိုးကလေးWhere stories live. Discover now