7-end

1.7K 145 1
                                    

Part-7

ဒီနေ့လည်း ရုံးမသွားနိုင်ဘဲ အိပ်ရာထဲတွင်သာ ခွေနေမိသည်။အဘယ်ကြောင့်မှန်းမသိ Singto ၏ နာကျင်နေသည့်မျက်လုံးတွေက တစ်ညလုံးခြောက်လှန့်နေသည်။ သူ့ကြောင့် နာကျင်သွားသည့် Singto ကိုမြင်ရသည်မှာ ကိုယ်တိုင်လည်း ရင်ဘတ်ကတအောင့်အောင့်။

"သားရေ-မနက်ဖြန်မွေးနေ့မလားကွယ်။Mae တို့လိုအပ်တာတွေစီစဉ်ပေးထားပေမယ့် Mall လေးဘာလေး ခဏသွားလိုက်ပါဦး။လိုတာလေးတွေသွားဝယ်--သွား-"

Mae သည်မနေ့ညပြန်လာကတည်းက ပျက်ယွင်းနေသည့် Krist ၏မျက်နှာကိုသတိထားမိသည်။ တစ်ခွန်းတစ်လေမှ ဆိုချင်ဟန်မရှိသည့် သားဖြစ်သူကြောင့် အသာစောင့်ကြည့်ရင်းသာနေရသည်။ ဒီနေ့တစ်နေ့လုံးလည်း အလုပ်မသွား ခွေနေသည်ကြောင့်စိတ်အပန်းပြေစေချင် သည်။

"သွားလိုက်နော် သား--"

"ဟုတ် Mae."

Mae စိတ်မချမ်းသာသည်ကြောင့် Krist လည်း လှဲနေရာမှထကာ ရေချိူးခန်းထဲဝင်လိုက်သည်။ Singto ပေးခဲ့သည် ကျောက်နက်လက်ပတ် ကလေး ကို သူ ဝတ်ဆင်လိုက်မိသည်။ ထို့နောက်အပြာရောင်ရှပ်တစ်ထည်ကို ဂျင်း ဘောင်းဘီ ဖြင့်သာ ဝတ်ဆင်လိုက် ရင်း ကားသော့ဆွဲ လျက် ထွက်လာခဲ့လိုက်သည်။သူလည်း လေကောင်းလေသန့်ရှုကာ စိတ် အပန်းပြေရန် လိုနေမိသည်။ကားကိုိတ်ိတ်ဆိတ်သည့် စား သောက်ဆိုင် လေးတစ်ခုထဲ မောင်းဝင်လာလိုက်ရင်း ဝါးပင်တွေအောက်က ထောင့်ဆုံးခုံလေးကို ရွေးယူလိုက်သည်။ အတွေးတွေနယ်ချဲ့မိ၏။ တကယ်ပဲ Singto သည် သူ့ကိုချစ်နေခဲ့သည်တဲ့လား။ခပ်ဆိုးဆိုးSingto ကို သူ ပြုပြင်ရင်းထိန်းသ်ိမ်းခဲ့တာမှန်ပေမယ့် တကယ်တော့ Singto အပေါ်ဆိုးတာ Krist မှန်း ကိုယ့်ဘာသာကိုယ်လည်း သိပါသည်။ဒါတွေအကုန်လုံး မညည်းမညူလက်ခံပေးခဲ့တာ Sing က ချစ်လို့တဲ့လား။ သို့ပေမယ့် သူကတော့ ဒါတွေကိုလည်းသတိမထားမိ ဖူးစာကြိုးကလေးကြောင့် Wanida နှင့်တောင်လက်ထပ်ဖြစ်ခဲ့သေး သည်။

အတွေးကလွင့်နေသလို အကြည့်ကလည်းရွေ့လျားနေစဉ်မျက်ဝန်းထဲ မြင်လာရတာက ခပ်လှမ်းလှမ်းက စားပွဲတွင်ယှဉ်တွဲထိုင်နေသည့် လူနှစ်ယောက်ကိုမြင်လိုက်ရသည်။ Singto သည် ခပ်ပြုံးပြုံးဖြင့် ရှိနေသလို Lin ကလည်းရယ်မောနေခဲ့သည်။ သူတို့အဆင်ပြေသွားပြီ ထင်ပါရဲ့။ဒါ သူဖြစ်စေချင်ခဲ့တာပဲမလား။ ဘာလို့ ဒီမြင်ကွင်းက ခု မြင်ရကြည့်ရတာခက်နေပါလိမ့်။ ထိုင်နေရာမှထကာ ထိုဝိုင်းကိုဦးတည်လာခဲ့ လိုက်သည်။

ဖူးစာကြိုးကလေးWhere stories live. Discover now