5

935 112 0
                                    

Part-5

ရှပ်အင်္ကျီအဖြူကို လက်ခေါက်တင်ရင်းက မှန်ရှေ့တွင်ရပ်မိသည်။လွန်ခဲ့သည့်နှစ်တွေက Krist ထက် လက်ရှိ Krist ကပိုပြီးရင့်ကျက်လာပြီ ဖြစ်သည်။ဆံပင်ကို သေသေသပ်သပ်ဖြီးတင်လိုက်ရင်းက လက်ပတ်နာရီကိုပတ်လိုက်သည်။အိပ်ရာဘေးက စားပွဲထက်က မှန်ဘောင်လေးဖြင့် မင်္ဂလာဓါတ်ပုံကိုမြင်တော့ သူ သက်ပြင်းချမိရင်း ကုတင်ပေါ်တွင် ခဏထိုင်လိုက်သည်။ပုံထဲတွင် သူရော Wanida ပါ ပြုံးရယ်နေခဲ့ကြသည်။ Singto ထွက်သွားသည့် နှစ်ကစပြီး Wanida က သူ့အတွက်တိုင်ပင်ဖော်တိုင်ပင်ဖက်ဖြစ်ခဲ့သည်။အချိန်ကြာလာလေ ပွင့်လင်းရိုးသားပြီး ကြင်နာတတ်သည့်မိန်းကလေး၏ စရိုက်ကိုပိုပြီးမြင်သာလေလေမို့ ဖူးစာကြိုးကလေးေ၇ွးချယ်ပေးခဲ့သည့် အိမ်ထောင်ဖက်က မမှားမှန်း သူ တစ်ထစ်ချယုံကြည်မိသည်။ယူကြည့်မိသည့် ဓါတ်ပုံကို စားပွဲပေါ်ပြန်တင်ထားလိုက်ရင်းအောက်ထပ်ဆင်းလာခဲ့လိုက်သည်။

"သား မနက်စာ စားသွားရမယ်နော်."

"မစားတော့ဘူး Mae ရဲ့။ဒီနေ့တရုတ်ဘက်ကကိုယ်စားလှယ်တွေနဲ့တွေ့ဖို့ချိ်န်းထားတာ။နောက်ကျလို့မဖြစ်ဘူး။စောရောက်နေမှ."

"အင်းပါ အင်းပါ ဒါလေးတော့ သောက်သွား"

ပြောပြောဆိုဆို Mae က နွားနို့လေးတစ်ခွက် မရမကလာထည့်ပေးသည်မို့ သူ ပြုံးလျက်သောက်လိုက်ရသည်။

"တရုတ်ဘက်က ဆိုမှ သားSing လည်းတရုတ်ကိုသွားတာ ဘာအဆက်အသွယ်မှမလုပ်ဘူးနော်။ သူ့ မိဘတွေလည်း တွေ့ချင်လွန်းလို့သာ ဟိုလိုက်သွားရင် အလုပ်များနေတဲ့သားမျက်နှာကိုတွေ့ရခက်ခက်ဆိုပဲ ။"

Krist မျက်နှာလေးတည်သွားသည်။နွားနို့ခွက်ကို Mae ကိုပြန်ကမ်းပေးလိုက်ကာ ပါးတစ်ချက်နမ်းလျက် ထွက်လာခဲ့လိုက်သည်။ ကားမောင်း နေ ရင်းကဖြင့် စိတ်ကတော့ ရောက်တတ်ရာရာ။တကယ်ကို တစ်ခါကလေးမှ မဆက်သွယ်နိုင်အောင် Singto သည်နေနိုင်လွန်းလှ သည်။ သူ ဟိုရောက်သွားသည့်နောက်တစ်နေ့တော့ Krist ဆက်သွယ်လိုက်ပေမယ့်နောက်ပိုင်းဖုန်းနံပါတ်က ဆက်မရတော့။ တခြားဆက်သွယ်စရာ နည်းလမ်းတွေလည်းရှိပါလျက်နှင့် မဆက်သွယ်လာခြင်းက တမင်ပဲဟု Krist ကတော့ယူဆသည်။ ဘယ်လောက်ပဲအလုပ်များများ ငယ်ကတည်းကပေါင်းလာသည့် သူငယ်ချင်းအရင်းကြီးကိုတော့ဖြင့် ဒီလိုတော့ ပစ်မထားသင့်။ Krist တွင်သောကတွေပွေတိုင်း..စိတ်ပင်ပန်းရ တိုင်း ထိုသူကိုအကြောင်းမရှိအကြောင်းရှာရစ်ပြီး စိတ်ဆိုးချင်ပေမယ့် သတိရဖော်မရသည့်သူကြောင့် အတွေးတွေက ရေစုန်မြော၏။

ဖူးစာကြိုးကလေးWhere stories live. Discover now