ဟန်မြစ်စင်္ကြန်ပေါ်မှာလမ်းလျှောက်ပြန်တော့လည်း သူမရဲ့လှပသောမျက်နှာတော်ကတော့ မိုးအုံ့နေသေးသည်။ ဘာဖြစ်တာလဲ လို့ပုံစံအမျိုးမျိုးနဲ့မေးကြည့်တော့လည်း ခေါင်းသာခါပြပြီးဘာတစ်ခွန်းမှမတုန့်ပြန်။ သူမ ပျော်အောင်ဘာလုပ်ပေးရမလဲ ဆိုတာကိုဦးနှောက်အားအလုပ်တစ်ခုတာဝန်ပေးလိုက်လေသည်။
Naeunနဲ့Lilyကဘာတွေတင်းနေကြတာလဲမသိဘူး။ ငါ့ကိုလည်းဘာမှမပြောကြဘူး။ ငါ့ကိုသူငယ်ချင်းလို့ရောသတ်မှတ်ကြသေးရဲ့လား။ ငါ့ကိုဆိုဘယ်သူ့မှအဖတ်မလုပ်ကြပါဘူးလေ။
'သဲ ဟိုဟာသွားစီးမယ်'
သူညွှန်ပြသောအရာကိုကြည့်လိုက်တော့ Roller coasterကြီး..
'ရိုးရိုးသတ်လည်းသေပါတယ် ကိုကိုရေ အဲ့တာကြီးက သဲ စီးလို့မရတဲ့တားမြစ်ကစားစရာကြီးကို'
'အာ Miyar Nae... ဒါဆိုဟိုဟာရော'
သူထပ်ညွှန်ပြသောနေရာကိုကြည့်လိုက်ပြန်တော့ သရဲအိမ်ကြီးဖြစ်နေတယ်။ ဘာတွေဖြစ်နေလဲမသိ
'ကိုကို!'
ခပ်ဆတ်ဆတ်အော်လိုက်တော့ တခွီးခွီးနဲ့ကိုယ့်ကိုခွီးနေပြန်ရော....
သူရယ်တာ၁၀မိနှစ်ကျော်နေပြီကိုယ့်ကိုရယ်အောင်လုပ်နေတာသိတာပေါ့...ရယ်စရာမကောင်းတော့လိုက်မရယ်တာပေါ့။ ဒီလူကြီးကလည်းတော်တော်မှဇွဲကောင်းချက် ရယ်နေရင်းကိုယ်ပါလိုက်မရယ်တော့ ကိုယ့်ကိုသူ့လက်အကြီးကြီးနဲ့လာရိုက်ပြီးထပ်တိုးအူလိမ့်အောင်ရယ်နေပြန်ရော.....ဘေးနားဖြတ်သွားတဲ့ကလေးက'မေမေကြောက်တယ် အရူးကြီး'တဲ့ ကိုယ့်ဘေးကလူကြီးကြားလိုက်သည် ငြိမ်ကျသွားတာများရယ်ချင်စရာကြီး ရုပ်ကိုလည်းတစ်ချက်ရှိုးဦးရှက်လို့တဲ့ မြေကြီးကိုပဲခေါင်းထိုးဝင်မတတ် ငိုက်ကျမတတ်ငုံ့ထားလိုက်သည်။ ကိုယ့်မှာလည်းမရယ်ပါဘူးဆိုသောပါးစပ်က လျှာကြွက်တက်တော့မှာမို့ ဖူးကနဲ အော်ရယ်ပေးလိုက်သည်။....
'ကိုကို့ရုပ်လေးကဘာဖြစ်သွားတာလဲ မသိဘူး ha ha ha ..ခ်ခ် တအားရယ်ရတာပဲ ကိုကို့ကိုအရူးကြီးတဲ့ ha ha ha😂 ကလေးက... '
DU LIEST GERADE
ရန်သူကိုချစ်ရ၏
FanfictionJust Uni ဒီficထဲမှာJiminကိုGirlအနေနဲ့ရေးသားဖော်ပြထားပါတယ်။ >>ကျွန်မရဲ့First fic experienceလဲဖြစ်တဲ့အတွက်အမှားကတော့ပါကောင်းပါနိုင်ပါတယ်။