တီ တောင်~~
မက်ဆေ့ချ်ဝင်လာသောဖုန်းကိုတစ်ချက်လှမ်းကြည့်တော့ Taehyungဖြစ်နေတယ်။
📩Noona နူနာ့ယောကျာ်းလာခေါ်ဦး ကွန်တိုရှေ့ရောက်နေတယ်။
Bellမတီးဘဲမက်ဆေ့ချ်လှမ်းပို့တဲ့ Taehyungကိုတော့စိတ်ဆင်းရဲမိသား။
ချောက်!
'အမေ့....ဘာ ဘာဖြစ်လာတာလဲ လေးလိုက်တာ '
အခန်းတံခါးဖွင့်ချင်းချင်း ကိုယ့်ပေါ်ကျလာသော Jeon Jungkookရဲ့ကိုယ်ကြီးကြောင့် ...
'Noonaတို့ကလည်းနော် လက်ထပ်တာတစ်ရက်တောင်မရှိသေးဘူး ရန်ကဖြစ်နေပြီ'
'နင် အိမ်ကိုစောစောပြန်တော့ ကြားလား'
'အေးပါ'
Taehyungပြန်သွားတော့ကိုယ့်ယောကျာ်းကို မနိုင့်တနိုင်တွဲလာရသည်။
'ကိုကိုနည်း ..နည်း လောက်မတ်တပ် ..ရပ်.အ့ ပါဦး'
'ဟမ်း.... Park Jimin ပါလား အင့် မွ မွ မွ'
ကိုယ့်မျက်နှာကိုတမွမွနှင့် ..
'ကိုကိုရယ် ဘာလို့သောက်လာရတာလဲ?'
'တခြားလူတွေတော့ တစ်မျိုးထင်နေကြတော့မှ္ဘဲ'
သူ့ကိုဆိုဖာပေါ်ထိုင်စေခဲ့ပြီး အမူးပြေအောင်သံပရာရည်ချဥ်ချဥ် လေးတစ်ခွက်သွားဖျော်ပေးလိုက်ပါသည်။
'အင့်...ကိုကို ခေါင်းမူးသေးလား'
သံပရာရည်ဖျော်နေတုန်း အနောက်ကလှမ်းဖက်တော့ တစ်ကိုယ်လုံးတုန်သွားရသည်။
'ဟင်း.. ကလေး ကိုကိုအိပ်ချင်ပြီ'
'ခနလေး ရော့ ဒီမှာရပြီဒါလေးသောက်လိုက်ဦး'
သံပရာရည်ခွက်ကို ထိုးပေးတော့ သောက်ရှာပါသည်။ တအားချဥ်သွားလို့လားမသိ သူ့မျက်နှာတစ်ချက်ရှုံ့သွားသည်။
'ကိုကို ဖယ်ဦး ကလေးခွက်ဆေးဦးမယ်'
'အေး'
လို့ပြောပြီးဘေစင်နားမှာ စောင့်နေပါတော့သည်။'ကလေး~ ကိုကိုနဲ့အတူတူအိပ်ရအောင် ကလေးနဲ့မခွဲအိပ်ချင်ဘူး ကိုကိုအိပ်မပျော်လို့'
YOU ARE READING
ရန်သူကိုချစ်ရ၏
FanfictionJust Uni ဒီficထဲမှာJiminကိုGirlအနေနဲ့ရေးသားဖော်ပြထားပါတယ်။ >>ကျွန်မရဲ့First fic experienceလဲဖြစ်တဲ့အတွက်အမှားကတော့ပါကောင်းပါနိုင်ပါတယ်။