ဆေးရုံသွားပြရမည့်နေ့ဖြစ်သည်။ Jungkookတစ်ယောက်မနက်အစောကြီးနိုးလာသည်။ ရင်ခွင်ထဲနှစ်ခြိုက်စွာအိပ်နေသော ကိုယ့်ရဲ့မိန်းမလေးကြောင့် မနက်ခင်းဟာပြည့်စုံနေပေသည်။ အနည်းငယ်ဆူထွက်နေပြီဖြစ်သော ဗိုက်ပူပူလေးကို ပွတ်သပ်ပေးနေမိသည်။ အခုဆိုရင်ကိုယ်ဝန်က၄လရှိပြီမို့လို့ ဗိုက်ကလေးကဆူလုံးလုံးလေးဖြစ်နေပါပြီ။ သားလေးလား?သမီးလေးလား? သိချင်နေကြမှာပေါ့။ ဟဲ ဟဲ...သားဦးလေးပါဗျာ။ အစားတွေတအားစားပြီး ပါးလေးတွေကတအားဖောင်းလာသေးသည်။ တစ်ခါတစ်လေစိတ်ကောက်ရင် နှုတ်ခမ်းလေးကိုဆူလို့။ ဗိုက်လေးကြောင့် တအားတွေဂျစ်ကန်ကန်ဖြစ်သေးသည်။ ပူဆာရင်လည်းရအောင်ပူဆာ တတ်သည်။ လိုချင်တာမပေးလို့ရှိရင်ကလေးလေးလို ထိုင်ငိုနေရော။ စိတ်ချမ်းသာအောင်လို့ ပူဆာတိုင်းလိုက်လျောပေးရတာ ပင်ပန်းလားတဲ့ မေးနေကြတယ်။မပင်ပန်းပါဘူးဗျာ ပျော်တောင်ပျော်သေးတာ သူမရဲ့ပူဆာသံတွေ ဂျစ်တစ်တစ်လုပ်နေတာတွေကတကယ့်ကိုချစ်စရာကောင်းသည်။ အခုလည်းအိပ်နေတာကို နှုတ်ခမ်းကြီးဆူထားသေးသည်။ စကိတ်စီးချင်လို့ပူဆာနေတာ မနေ့ညက လုံးဝမသွားရဘူး၊ အန္တာရာယ်များတယ်လို့ပြောလည်း မရ။ ပြောလို့မရတာနဲ့ ပိတ်ငေါက်လိုက်တော့ စိတ်ကောက်ကောက်နှင့်အိပ်ပျော်သွားတယ်လေ။ နှုတ်ခမ်းကြီးဆူပြီး အိပ်မောကျနေသောကလေးမလေးကို ပြွတ်ခနဲ နမ်းလိုက်ပြီး နိုးဖို့လုပ်လိုက်သည်။
'မိန်းမလေးရေ ထတော့ မနက်၇နာရီ Online classရှိတယ်လေ မွ'
သူမကိုယ်ဝန်သွားအပ်တော့ ဆရာဝန်ရဲ့ညွှန်ကြားမှုကြောင့် Onlineပေါ်ကကိုယ်ဝန်သည်တွေအတွက်ယောဂသင်တန်းတက်နေသည်။ မနက်၇နာရီတိုင်းတက်ရသည်။ ကိုယ်ဝန်သည်တွေရဲ့ စိတ်အစဥ်ကိုငြိမ်သက်၊အေးချမ်းအောင် ယောဂက အလိုပင်အရေးကြီးတာကြောင့် ဂရုတစိုက်သင်ယူနေသည်။
'မိန်းမလေး ဘာဟင်းစားမလဲပြော ယောကျာ်းဘာချက်ပေးရမှာလဲ ဟမ်း? '
'အင်း...~~~'
မျက်လုံးကပွင့်မလာပဲ အိပ်ယာထဲငြီးငြူနေသေးသည်။ ဗိုက်လုံးလုံးလေးနား သွားပြီး...
'သားလေးရေ မင်းမေမေကအိပ်ယာထဖို့ပျင်းနေတယ် လုပ်ပါဦး မွ သားလေးရောနိုးပြီလား ဟင် ဖေဖေကတော့အစောကြီးနိုးနေတာ သားမေမေကပျင်းနေတာကြည့်ဦး နှုတ်ခမ်းကြီးလည်းဆူနေသေးတယ်သိလား'
YOU ARE READING
ရန်သူကိုချစ်ရ၏
FanfictionJust Uni ဒီficထဲမှာJiminကိုGirlအနေနဲ့ရေးသားဖော်ပြထားပါတယ်။ >>ကျွန်မရဲ့First fic experienceလဲဖြစ်တဲ့အတွက်အမှားကတော့ပါကောင်းပါနိုင်ပါတယ်။