မနေ့ညကNaeunနဲ့စကားပြောကောင်းတော့ အိပ်ဖို့မေ့နေကြတာလေ။ နေတောင်မြင့်လာပြီထဦးမှ။
'ဘာလဲဟ Ommaရောက်နေပြီလား'
ခုနကအသံတွေကြားပါတယ်။ ဘယ်ရောက်သွားတာလဲ?
မီးဖိုချောင်ထဲကို ကုပ်ချောင်းကုပ်ချောင်းလုပ်နေသော Jimin shi
'အမလေး!!'
ခါးနောက်ကနေရုတ်တရက်လူတစ်ယောက်သိုင်းဖက်တာခံရလို့ Jimin shiလန့်ပြီးအော်လိုက်ခြင်း...
'ဘာလို့ အခုမှနိုးတာလဲ သဲ'
'ကိုယ့်ဟာကို ဘယ်ချိန်ထထပေါ့ ဖယ်စမ်းပါ'
' ငြိမ်ငြိမ်နေပါဦး ဒီလိုလေး...'
'ဖယ်လို့...'
အတင်းရုန်းနေသော ပိစိမလေးကို သူ့ဖက်မျက်နှာချင်းဆိုင်လှည့်လိုက်ပြီး။
'ဒီနေ့ Scholarship သွားလျှောက်ရမယ် အဲ့တာ..'
'အဲ့တာ ဘာဖြစ်လဲ?'
'အဲ့တာ....လိုက်ပို့'
ကိုယ့်မျက်နှာကိုစေ့စေ့မကြည့်ရဲဘဲ ပူဆာနေသော ကလေးမလေးကို အသည်းတွေယားနေလေ၏။ ပါးတစ်ဖက်ကို နစ်နေအောင်ဆွဲနမ်းလိုက်တော့ ကြည့်လာတဲ့မျက်စောင်းတစ်စုံ..
'ဘာလို့ လူကိုအမြဲအနိုင်ကျင့်နေတာလဲ? '
'အနိုင်မကျင့်ပါဘူးကွာ ကိုယ့်မိန်းမလေးကိုကိုယ်နမ်းတာတရားဝင် ပါတယ်'
'ဖယ် ..အခွင့်အရေးသမား'
သူ့လက်ကိုဖယ်ချပြီးထွက်သွားတော့..
'နေဦး သဲ မနေ့က ကိုကိုပန်ကိတ်လုပ်ထားတာ သဲမစားလိုက်ရဘူးမလား အဲ့တာကိုကိုနွေးပေးထားတယ်'
'အေး စားလိုက်မယ်'
အပေါ်ထပ်ကိုပြန်ဆက်သွားပြီး ရေမိုးချိုးနေလေသည်။ ဝတ်စရာမရှိလို့ဒီတိုင်းထိုင်ကြည့်နေတာ အဝတ်ဗီရိုကို...မထူးပါဘူးအင်္ကျီလက်တိုအဖြူအပွလေးတစ်ထည်ဆွဲထုတ်ပြီးကောက်ဝတ်လိုက်တယ်။ စကတ်Jeanတိုလေးနှင့်တွဲဝတ်လိုက်တော့ လှသားပဲ။
YOU ARE READING
ရန်သူကိုချစ်ရ၏
FanfictionJust Uni ဒီficထဲမှာJiminကိုGirlအနေနဲ့ရေးသားဖော်ပြထားပါတယ်။ >>ကျွန်မရဲ့First fic experienceလဲဖြစ်တဲ့အတွက်အမှားကတော့ပါကောင်းပါနိုင်ပါတယ်။