သူမဘာမှမစားတာ ၂ရက်ရှိနေပြီ။ ကြားကြားချင်းသူမမှာ သတိလစ်လိုက်သေးသည်။ ပြီးတော့ကံဆိုးမှုနောက်တစ်ခုကလည်းဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သည်။ သူမ၏ရောဂါအခံက ပြန်ထလာလို့ ကလေးရဖို့ 35%ပဲသေချာမယ်လို့ဆရာဝန်ကပြောသေးသည်။ ဒါပေမဲ့ဒီအကြောင်းကိုတော့ ကလေးကိုမပြောရသေး။ တစ်ပူပေါ်တစ်ပူဆင့်ပြီး ရောဂါပိုထူမှာစိုးလို့ မပြောပြကြသေး။ အခုတော့ကုတင်ပေါ်မှာမအိပ်ပျော်လည်း အတင်းမျက်စိမှိတ်ပြီးအိပ်နေတော့သည်။ အစာကျွေးလို့မရတော့ ကိုယ်လည်းထောင်းတွေခဲနေပါပြီ။
'Juiceလေးဝယ်ပေးရမလား ကလေး'
'......... ... ....'
ရင်သွေးလေးကိုဆုံးရှုံးထားရတော့အတော်စိတ်ထိခိုက်နေသည်။ ဆရာဝန်ပြောကြားချက်အရ စိတ်ကျရောဂါပါရနိုင်တာကြောင့်အထူးဂရုစိုက်ရန်ပေ။ ဒေါသထွက်အောင်၊ ဝမ်းနည်းအောင်မလုပ်မိစေရန်အထူးညွှန်ကြားထားပါသည်။
'ကဲ ဘာမှမစားချင်ရင် Gameအတူတူဆော့ကြမလား'
'...... .......'
ငြိမ်ငြိမ်လေးဆွေးနေတုန်း။ ကျွန်တော်လည်းစကြားကြားချင်းပြိုလဲတော့မလိုဖြစ်ခဲ့တာပဲ။ သူမရှေ့မှာသာသန်မာပြရတာ၊ ကျွန်တော်လည်းအသေနှမြောတာဗျ။ ညတိုင်းသားလေးမျက်နှာကိုပံဖော်ရင်း အိပ်စက်တဲ့သူက အခုတော့ခေါင်းအုံးနဲ့ခေါင်းထိတာနဲ့မျက်ဝန်းထဲကအရည်တွေကAutoစီးဆင်းနေပြီလေ။ အဆင်မပြေလွန်းဘူး။ 35%ပဲဖြစ်နိုင်ရင်တောင် 0%မှမဟုတ်တာ ဖြည်းဖြည်းချင်းကြိုးစားသွားရင်ဖြစ်တာပဲလေ။ သားလေးရေ ဖေဖေ့ပေါ့လျော့မှုအတွက်ဖေဖေ့ကိုပဲ စိတ်ဆိုးပါသားရယ် သားမေမေ့ကိုတော့ စိတ်မခုလိုက်ပါနဲ့နော်။ ပြိုတော့မည့်မျက်ရည်ရွဲလေးကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး သူမကိုထပ်ချော့ရဦးမည်။ Fighting Jeon Jungkook။
'ကလေးက ဘာမှမလုပ်ချင်ရင်တော့ ကိုကို့ရင်ခွင်ထဲသိပ်ရမှာပေါ့'
လူနာကုတင်ပေါ်ဝင်ထိုင်လိုက်ပြီး သူမကိုရင်ခွင်ထဲဆွဲသွင်းလိုက်သည်။ ခိုလှုံခွင့်ပေးတော့မှ ပိုဆိုးလာပါသည်။ ငိုတော့မည်။ စိတ်ဓါတ်ပျော့လိုက်တာ ကိုယ့်မိန်းမလေး Park Jiminရယ်။
CITEȘTI
ရန်သူကိုချစ်ရ၏
FanfictionJust Uni ဒီficထဲမှာJiminကိုGirlအနေနဲ့ရေးသားဖော်ပြထားပါတယ်။ >>ကျွန်မရဲ့First fic experienceလဲဖြစ်တဲ့အတွက်အမှားကတော့ပါကောင်းပါနိုင်ပါတယ်။