'မေမေ~~'
'မေမေ~~'
သတို့သမီးဝတ်စုံလေးနဲ့သူမအမေကိုကပ်ချွဲနေတာ တစ်မနက်လုံး။ လက်ထပ်ပြီးမေမေတို့နဲ့ပဲနေချင်ပါတယ်။ လေးလေးပေးထားတဲ့ ကွန်တိုကိုမပြောင်းနေချင်ပါဘူးဆိုပြီး ချွဲနေတာပေါ့။
'သမီး စကားနားထောင်လက်ထပ်ပြီးရင် လေးလေးပြောထားတဲ့အတိုင်းနေနေရမှာ သမီးသိတဲ့အတိုင်း'
'ဒါပေမယ့် သမီးကြောက်တယ်'
သူမစကားကြောင့်ကိုယ့်မှာမျက်လုံးအပြူးသားဖြစ်သွားရသည်။
'ဘာကိုကြောက်နေတာလဲ Noonaရယ် Hyungရှိတာပဲကို'
Taehyungမှအခန်းထဲဝင်လာပြီးသူ့အစ်မကိုပြောနေတော့သည်။
အဲ့လူကြီးရှိနေလို့ကိုကြောက်နေတာ မဖြစ်သေးပါဘူး။
'Omma နော် နော်လို့'
နှစ်ရက်ရှိပြီသူမကိုယ့်အနားမကပ်တော့တာ။ ဒီနေ့ပိုဆိုးပါသည် မင်္ဂလာဆောင်တော့မဲ့ရက်မှာကိုယ့်ကိုရှောင်နေတာ Eyes contactတောင်ရှောင်နေသည်။
'ဘာပဲဖြစ်ဖြစ် Omma တို့နဲ့ပဲနေမှာ'
'ပြောမရလည်းနေတော့...'
သူ့အစ်မကိုနားချလို့မရမှန်းသိတော့Taehyungတစ်ယောက်အဝတ်လဲခန်းထဲကထွက်သွားလိုက်သည်။
ကိုယ်နဲ့တစ်ခုခုဖြစ်မှာကိုတအားကြောက်နေရသလား ကလေးရယ်။ လက်ထပ်ပြီးဇနီးမောင်နှံတိုင်း အသွေးအသားဆန္ဒတွေလွတ်လပ်ခွင့်ပေးရတော့မယ်လေ။ ကလေးကိုယ်ဝန်ရသွားမှာကိုကြောက်နေတာလား ကလေးရယ်။
တစ်ယောက်တည်းသတို့သားဝတ်စုံအဖြူရောင်ကြီးနဲ့ခေါင်းငိုက်စိုက်နေသော Jkအား
'Jungkook ဘာဖြစ်လို့လဲ နေမကောင်းဘူးလား'
Uncle Joonမှမေးလိုက်ခြင်း
'ဘာမှမဖြစ်ပါဘူးဗျာ မင်္ဂလာပွဲအတွက်ရင်ခုန်နေလို့ပါဗျာ'
'အေးပါငါ့တူရာ ငါ့တူမကိုတော့စိတ်ပျက်မသွားပါနဲ့ ဟုတ်ပြီလား လေးလေးခန်းမထဲသွားပြီ'
ESTÁS LEYENDO
ရန်သူကိုချစ်ရ၏
FanficJust Uni ဒီficထဲမှာJiminကိုGirlအနေနဲ့ရေးသားဖော်ပြထားပါတယ်။ >>ကျွန်မရဲ့First fic experienceလဲဖြစ်တဲ့အတွက်အမှားကတော့ပါကောင်းပါနိုင်ပါတယ်။