လေှကားတေွကနေ မြန်မြန်ဘဲငါ့ရဲ့အခန်းထဲကိုရောက်လာခဲ့တယ်၊ အနောက်ကတံခါးက ဆတ်ခနဲလှမ်းပိတ်ပီးတာနဲ့ အိပ်ရာပေါ်ကိုသာချက်ချင်းခုန်တက်မိလိုက်တော့တယ်၊
'ဟူး....'
ငါ့ရဲ့တောင့်တင်းနေတဲ့ခန္ဓာကိုယ်က နူးညံ့အိစက်နေတဲ့ မေွှ့ရာနဲ့ထိလိုက်တာနဲ့အရည်ပျော်ကျသွားသလိုတောင်ခံစားလိုက်ရတယ်...
ခုကနေ့လည်ဘဲရှိသေးပေမဲ့ ငါတနေကုန်သွားပီလို့တောင်ခံစားနေရတယ်၊
Derrick နဲ့တေွ့တုန်းက ကြောက်စိတ်ကြောင့်အလျှင်အမြန်ခုန်နေတဲ့ ငါ့ရဲ့နှလုံးသားလေးကို ထွက်သက်ဝင်သက်မြန်မြန်ရှုထုတ်ပီး ငြိမ်အောင်ကြိုးစားလိုက်တယ်...အနည်းငယ်ကြာသွားတဲ့အခါမှာတော့ငါ့ရဲ့ပါးစပ်ကနေအဓိပ္ပာယ်မရှိတဲ့ရယ်သံတချို့ထွက်လာခဲ့တယ်
'ဟား... ငါအသက်ရှင်နေသေးတာဘဲ... '
Gameထဲမှာခဏခဏရှုံးလို့ ပြန်ကြိုးစားရခဲ့သမျှတေွက အလကားတော့မဖစ်ဘူးဘဲ...
ကြောက်စိတ်တေွမွှန်နေတဲ့ကြားထဲကမှ Derrick ကိုပထမသခင်လေးလို့ခေါ်နိုင်ခဲ့တယ်၊
အဲ့အချိန်က Gameထဲကပုံရိပ်တေွကို ပြန်မြင်မိစေတယ်၊
Hard moodမှာပထမဆုံးအကြိမ်ကစားခဲ့တုန်းက Derrick ရဲ့interest bar ကတခြားဇာတ်ကောင်တေွနဲ့မတူဘဲ အဓိကအာရုံထားခဲ့ရတာ၊
Derrick ရဲ့interestကိုတိုးအောင်လုပ်နိုင်ဖို့ ဆုံးဖြတ်ချက်တေွကိုအသေချာဂရုစိုက်ခဲ့ရပြီး၊ နောက်ထပ်ရေွးချယ်မှုတေွကိုနည်းနည်းလောက်ဂရုမထားလိုက်တာနဲ့ သူ့ရဲ့interestကပိုပြီးတော့ထိုးကျသွားတော့တာပါပဲ...တကယ်ပဲဘာလို့လဲဆိုတာကိုမသိခဲ့ဘူး၊
'Gameထဲမှာတောင်သူ့ရဲ့စိတ်ကဘာလို့အမျိုးမျိုးဖြစ်နေရတာလဲ?? '
ငါ့ရဲ့မေးခွန်းတေွက အကြိမ်ကြိမ်သေဆုံးသွားပြီးတဲ့နောက်မှာအဖြေရလာခဲ့တယ်၊
Derrick ကPenelope ကိုအရမ်းမုန်းတာကြောင့်လည်းသူမကသူ့ကိုအကိုလို့ခေါ်လိုက်တာနဲ့တင် သူ့ကိုအထိတ်တလန့်ဖစ်စေတယ်အာ့ကြောင့်ငါက အကို ဆိုတဲ့စကားလုံးပါတဲ့ရေွးချယ်မှုကိုရေွးလိုက်တာနဲ့ သူ့ရဲ့interest barကထိုးကျသွားတာလေ...
YOU ARE READING
DITOEFV
RomanceGameဆော့ရင်းနဲ့အိပ်ပျော်သွားတဲ့ကောင်မလေးတစ်ယောက်က အိပ်ရာကနိုးလာတဲ့အချိန်မှာ သူဆော့နေတဲ့gameရဲ့ hard moodကvillianဖြစ်နေပါသတဲ့... လက်တေွ့ဘဝမှာရော gameထဲမှာပါပစ်ပယ်ခံထားရတဲ့ဘဝမျိုးဖြစ်နေတဲ့အပြင် gameထဲကတခြားဇာတ်ကောင်တေွရဲ့အာရုံစိုက်မှုကိုရယူနိုင်ပြီး...