Unicode.
'' သူရဲကောင်းတစ်ယောက်ဖြစ်ပြီး မိန်းမပျိုတစ်ယောက်ကိုစော်ကားဖို့ အောက်တန်းကျတာတွေပြောတာ ဘယ်လိုတောင်တန်ဖိုးမရှိလိုက်သလဲ ''
သူဘာလို့အရမ်းဒေါသထွက်နေတာလဲ ဆိုတာကိုငါမမြင်တာကြောင့် ငါ့မျက်လုံးတွေကိုကျယ်ကျယ်ဖွင့်ထားလိုက်တယ်၊
'' သူတို့ကအဖေနဲ့မိသားစုကို သစ္စာခံကြတဲ့သူတွေလေ၊ကျမကိုမဟုတ်ဘူး ''
ငါကိုယ်တိုင်ကိုယ်ရံတော်တစ်ယောက်ခေါ်လာလိုက်တာနဲ့ အားလုံးပြီးသွားပြီလို့ငါထင်ခဲ့တာ၊ မင်းသမီးတစ်ယောက်ကို အသိမှတ်မပြုတဲ့သူရဲကောင်းတွေဆီကလည်းသစ္စာခံတာမလိုချင်ပါဘူးနော်၊
အဲ့တာကသူရဲကောင်းတွေမှမဟုတ်ဘူး တခြားအလုပ်သမားတွေရောပဲ၊
တကယ်တော့ အနားတဝိုက်မှာချောင်ပိတ်ခံရပြီး အစာငတ်ခံနေရတာကိုနှိုင်းယှဥ်ကြည့်ရင် အဲ့လိုဆဲရေးခံရတာကဘာမှတောင်မဟုတ်သေးဘူး၊
တကယ်လို့Eclise သယပါဝင်မနေဘူးဆိုရင် ငါဒီတိုင်းလမ်းလျှောက်သွားလိုက်မှာ၊(*** တခြားသူမဟုတ်ပဲ သူ့ဟာလေးကိုအနိုင်ကျင့်နေလို့ဝင်ပါတာ တခြားသူဆို ဒီတိုင်းဖြတ်လျှောက်သွားမှာပါတဲ့ *** )
'' Penelope...ဘာကို... ''
ဒါပေမဲ့ Dukeကအဲ့တာကိုတွေးမဲ့ပုံမဟုတ်ဘူး၊
သူက မရေမရာတဲ့အကြည့်တေနဲ့ငါ့ကိုကြည့်နေခဲ့ပြီး ဘယ်ကနေစရမယ်မှန်းမသိဘူးဖြစ်နေခဲ့တယ်၊'' မိသားစုရဲ့ ပစ္စည်းတိုင်းက မင်းပိုင်ဆိုင်တာပဲ၊
အဲ့တာဟာ မင်းကEckartအိမ်တော်ရဲ့မိသားစုဝင်တစ်ယောက်ဖြစ်နေသရွေ့ပြောင်းလဲသွားမှာမဟုတ်ဘူး၊ '''' Eclise ကကျမအတွက်လုံလောက်ပါတယ် ''
'' ငါအစောင့်ရှောက်အတွက်ပဲ ပြောနေတာမဟုတ်ဘူး ''
'' ကျမပြောတာက သူကလည်း ကျမရဲ့ပိုင်ဆိုင်မှုပါပဲ အဖေ... ''
ငါDukeကိုမရှုံးချင်တာကြောင့် ဆက်ပြီးပြောလိုက်တယ်၊
'' ကျမကိုကာကွယ်ဖို့ တခြားသူတွေကိုမလိုချင်ဘူးလို့ အရင်နေ့တွေကအဖေ့ကိုပြောခဲ့ဖူးပါတယ် ''
ဒါပေမဲ့ ဘာမှပြောင်းလဲမသွားခဲ့ဘူး၊အိမ်မှုကိစ္စတွေလုပ်ရတဲ့အစေခံအနေနဲ့မဟုတ်ပဲ သူရဲကောင်းဖြစ်ဖို့အလုပ်သင်အနေနဲ့ Ecliseကိုနေရာပေးထားတာကလွဲလို့ပေါ့၊
YOU ARE READING
DITOEFV
RomanceGameဆော့ရင်းနဲ့အိပ်ပျော်သွားတဲ့ကောင်မလေးတစ်ယောက်က အိပ်ရာကနိုးလာတဲ့အချိန်မှာ သူဆော့နေတဲ့gameရဲ့ hard moodကvillianဖြစ်နေပါသတဲ့... လက်တေွ့ဘဝမှာရော gameထဲမှာပါပစ်ပယ်ခံထားရတဲ့ဘဝမျိုးဖြစ်နေတဲ့အပြင် gameထဲကတခြားဇာတ်ကောင်တေွရဲ့အာရုံစိုက်မှုကိုရယူနိုင်ပြီး...