Unicode.
'' ဟမ်း..ဟား ''
ငါအနားကတံတွေးမျိုချသံကိုပါကြားနေရတယ်၊ြဖစ်နို်င်တာက အရူးနဲ့တူနေတဲ့မနှစ်ကသူနဲ့ ကွဲပြားနေတာကြောင့်ဖြစ်မယ်၊
'' သူတို့ကိုသွားခေါ်လိုက်လို့ ငါပြောနေတယ်လေ ဟမ် ''
ဘယ်အစေခံကမှ အစောင့်တွေကိုသွားမခေါ်ကြပဲ မျက်လုံးမျက်ဆံပြူးပြာနေရုံကလွဲလို့ လှုပ်တောင်မလှုပ်ရှားကြဘူး၊တောအုပ်လေးကအသက်ရှူသံတောင်မကြားရပဲ တိတ်ဆိတ်နေခဲ့တယ်၊
အာ...မောင်းခလုတ်ကိုထိကိုင်ထားတဲ့ငါ့ရဲ့လက်ချောင်းတွေရဲ့အသံက ညီးငွေ့ဖွယ်ကောင်းလွန်းလှတယ်၊
'' မင်း...မင်းသမီး... ဒီလိုလုပ်နေရင်... ''
Lady Kellinရဲ့ခေါ်သံကအဆောတလျင်နိုင်လွန်းတယ်၊
' Dukeရဲ့ခွေးရူးကလူတွေကိုတကယ်ကြီးပစ်ဖို့ကြိုးစားနေတာပဲ '
အခုမှပုံမှန်ပြန်ဖြစ်သွားတယ်လို့ခံစားနေရတယ်၊
ပြီးတော့ တည်ငြိမ်မှုအဆုံးစွန်ရောက်သွားပြီဖြစ်တဲ့ ဆံပြာမရဲ့မျက်လုံးတွေက အရိုင်းဆန်ဆန်လှုပ်ရှားနေပြီး ကြောက်ရွံမှုကြောင့်ချွေးတွေစိုနစ်နေခဲ့တယ်၊အဲ့နောက် လျှပ်တပြက်..၊ဘယ်သူပဲကြားကြားပြသနာမရှိတာမို့ ဒူးလေးမောင်းသံကိုအကျယ်ကြီးဖြစ်အောင်ဆွဲတင်လိုက်တယ်၊
'' ဟမ် ''
Lady Kellinအပါအဝင် အမျိုးသမီးတွေရဲ့မောက်မာတဲ့မျက်နှာတွေအကုန် မျက်လုံးမှိတ်သွားကြတယ်၊
'' ဘမ်းးး ''
ငါသေနတ်သံအတိုင်းအသံတုလုပ်ပြီးအော်လိုက်တယ်၊သာမာန်ပဲပုတီးစေ့လည်းမပါသလို ပစ်လိုက်လဲမပစ်လိုက်ဘူး၊
'' စတာပါရှင် ''
ငါပြုံးစိစိနဲ့ရယ်ပြပြီးချိန်ထားတဲ့ဒူးလေးကိုအောက်ကိုချလိုက်တယ်၊
'' အစ် ''
ဆန့်ကျင်ဘက်မှာထိုင်နေတဲ့ Lady Aris ကကြို့ထိုးသံထွက်လာခဲ့တယ်၊
အဲ့မတိုင်ခင်တုန်းက အထင်သေးလှောင်ပြောင်ပြီးမောက်မာနေကြတဲ့မျက်နှာတွေက ကြောက်ရွံမှုကြောင့်ဖြူဖျော့နေကြတယ်၊
YOU ARE READING
DITOEFV
RomanceGameဆော့ရင်းနဲ့အိပ်ပျော်သွားတဲ့ကောင်မလေးတစ်ယောက်က အိပ်ရာကနိုးလာတဲ့အချိန်မှာ သူဆော့နေတဲ့gameရဲ့ hard moodကvillianဖြစ်နေပါသတဲ့... လက်တေွ့ဘဝမှာရော gameထဲမှာပါပစ်ပယ်ခံထားရတဲ့ဘဝမျိုးဖြစ်နေတဲ့အပြင် gameထဲကတခြားဇာတ်ကောင်တေွရဲ့အာရုံစိုက်မှုကိုရယူနိုင်ပြီး...