Duke ကတချို့အကြောင်းရာတေွကကြောင့်အော်ဟစ်ပြီးပြောလိုက်တယ်၊
ငါထင်တယ်တနေရာရာကနေ အိမ်ရေှ့စံရဲ့ 'ဆူလိုက်တာ'ဆိုတဲ့အသံကိုတောင်ကြားမိနေသလိုဘဲ၊
ငါချက်ချင်းတုန့်ပြန်လိုက်တယ်၊"ဒါ... ဒါက သူရှိနေတာကို ရဲတင်းမိတဲ့သူကကျမပါ"
"ကောင်းတယ်"
"ဟမ်"
"မင်းကိုထိခိုက်အောင်လုပ်ထားတာကို အသုံးချပြီး အိမ်ရေှ့စံဆီကနေအကူညီတေွယူလို့ရပြီ၊ မင်းကEckartရဲ့မိသားစုဝင်ကောင်းတစ်ယောက်ဖြစ်လာပြီဘဲ... Penelope..."
Duke ရဲ့မထင်မှတ်ထားတဲ့တုံ့ပြန်မှုတေွကြောင့် ငါရူးချင်သလိုဖြစ်လာခဲ့တယ်တစ်ဆက်တည်းမှာဘဲသူက
"ဘယ်လိုဘဲဖြစ်ဖြစ် တနေ့မှာဒါကိုခုတုံးလုပ်ပြီး သူ့ကိုအသုံးချလို့ရတယ်၊ သူကတိုက်ပွဲရဲ့သူရဲကောင်းဘွဲ့ခံယူပြီးတဲ့အခါကျ သူ့ရဲ့ဂုဏ်သတင်းကပိုကြီးလာတော့မှာ... "
"အ... အဖေ..."
တော်ဝင်မျိုးနွယ်တေွကို စော်ကားနေတဲ့ဒီစကားသာတခြားသူတေွကြားသွားခဲ့ရင် မိသားစုကပရမ်းပတာတေွဖြစ်သွားလိမ့်မယ်၊ Dukeက ငါ့လိုပြာယာခတ်မနေဘဲ ဘာမှမဖြစ်သလုိမျိုးသူ့ရဲ့စကားကိုဆက်ပြောနေခဲ့တယ်၊
"Penelope...မင်းသိထားရမှာကငါတို့ Eckartကဘယ်သူ့ဘက်မှာမှမနေဘူး၊ငါတို့ကြားနေတေွက အကာရံထဲမှာထိုင်နေရုံဘဲ"
"ဟုတ်... သေချာတာပေါ့..."
ငါသေချာလးခေါင်းငြိမ့်လိုက်တယ်၊
အဲ့တာတင်မကဘူး...."ဒီကိစ္စတေွပြီးမှဘဲ တကယ်လို့ငါတို့မှာအထောက်ပံ့မရှိဘူးဆိုရင် ကောင်းကောင်းခုခံနိုင်မှာမဟုတ်ဘူး... ပထမဘုရင်မကမရှိတော့ဘူး ပြီးတော့အိမ်ရေှ့စံကိုထောက်ခံတဲ့သူတေွကလည်းပိုများလာပြီ"
[T/N... ပထမဘုရင်မက အင်ပါယာရဲပထမဇနီးဖြစ်ပြီး.အိမ်ရေှ့စံမင်းသား.Calistoရဲ့မေွးအမေဖြစ်တယ်လက်ရှိဘုရင်မကအင်ပါယာရဲ့ဒုတိယဇနီးဖြစ်ပြီးဒုတိယမင်းသားရဲ့အမေရင်းဖြစ်တယ်]
"…......... "
"ဒီအချိန်မှာဘယ်သူကနောက်အင်ပါယာအရှင်ဖြစ်လာမလဲဆိုတာဘယ်သူမှမသိသေးဘူး"
YOU ARE READING
DITOEFV
RomanceGameဆော့ရင်းနဲ့အိပ်ပျော်သွားတဲ့ကောင်မလေးတစ်ယောက်က အိပ်ရာကနိုးလာတဲ့အချိန်မှာ သူဆော့နေတဲ့gameရဲ့ hard moodကvillianဖြစ်နေပါသတဲ့... လက်တေွ့ဘဝမှာရော gameထဲမှာပါပစ်ပယ်ခံထားရတဲ့ဘဝမျိုးဖြစ်နေတဲ့အပြင် gameထဲကတခြားဇာတ်ကောင်တေွရဲ့အာရုံစိုက်မှုကိုရယူနိုင်ပြီး...