Unicode.
ငါပါးစပ်ကိုအကျယ်ကြီးဟမိသွားတယ်၊သူဘာတွေပြောနေတာလဲ... Dukeရဲ့အသံကလူတွေကို ပစ်ခွင့်ပါမစ်ပေးတာနဲ့တူနေတယ်နော်၊
'' အမ်...အဖေ...ဘာကိုဆိုလိုတာလဲဟင် ''
ငါဂရုတစိုက်နဲ့ နားမလည်သလိုမေးလိုက်တယ်၊အဲ့နောက် ဒေါင်းကြီးကအသံကျယ်ကျယ်နဲ့ အော်ပြောလာတော့တယ်၊
'' ကျစ်... သူများတွေရှေ့မှာမြင်းတစ်ကောင်လို့ အိန္ဒြေမရလုပ်မနေနဲ့လို့... ''
'' ....... ''
'' သူတို့မူးမေ့သွားတဲ့အခါ မှတ်ဉာဏ်တွေပျောက်သွားလိမ့်မယ် အဲ့တာကြောင့်တစ်ယောက်ယောက်က မင်းသူတို့ကိုပစ်ပါတယ်လို့ မပြောခင်အဲ့နေရာကနေဒီတိုင်းထွက်လာခဲ့လိုက်၊သဘောပေါက်လား ''
သူကမတော်တဆမှုတွေထဲရောက်သွားတတ်တဲ့ မရင့်ကျက်သေးတဲ့သူ့သမီးကိုဖြေသိမ့်ချင်နေတဲ့ပုံပဲ၊
' ငါကတနှစ်လောက်ပိတ်ပင်ခံထားရတယ်လို့ကြားတယ် အဲ့တာက ငါဒူးလေးနဲ့ပစ်ပြီးလူသတ်ခဲ့တာကြောင့်လား '
ဒါပေမဲ့ သူကငါ့ကိုမလုပ်ဖို့မတားဘဲနဲ့ မူးမေ့စေတဲ့ပုတီးစေ့တွေနဲ့လဲလိုက်ပြီး လူတွေရဲ့မှတ်ဉာဏ်တွေပျောက်သွားအောင်မှော်အစွမ်းပါထည့်လိုက်တာလား၊
' အိုးမိုင်ဂေါ့ Dukeအစွမ်းအ့ံမခမ်းပါပဲ '
ဒါမှမဟုတ် သူတောင်မထိန်းနိုင်လောက်တဲ့အေန
ထားထိPenelopeကရောက်သွားလို့ထင်တယ်၊အဲ့တာကောင်းတာပဲ၊'' မင်းဘာလို့ပြန်မဖြေတာလဲ ''
Dukeကတိတ်ဆိတ်ပြီး မရေမရာဖြစ်နေတဲ့ငါ့ကိုတည့်တည့်ကြည့်လာခဲ့တယ်၊
'' အာ...ဟုတ်ကဲ့ ''
ငါတွေဝေရင်းနဲ့ ပြန်ဖြေလိုက်တယ်၊
ငါသည်းခံပြီးလူတွေကိုမထိခိုက်စေဘဲငြိမ်ငြိမ်လေးနေပါ့မယ်လို့ မပြောနိုင်ဘူး၊ငါရှောင်ချင်တဲ့ အမဲလိုက်ပွဲပါဝင်ခွင့်ကအတည်ပြုပြီးသွားပြီ၊
'' ဟုတ်ကဲ့ပါအဖေ ကျမသေချာသုံးပါ့မယ် ''
'' အဟမ်း..မင်းသဘောပေါက်ရင်ရပြီ ''
YOU ARE READING
DITOEFV
RomanceGameဆော့ရင်းနဲ့အိပ်ပျော်သွားတဲ့ကောင်မလေးတစ်ယောက်က အိပ်ရာကနိုးလာတဲ့အချိန်မှာ သူဆော့နေတဲ့gameရဲ့ hard moodကvillianဖြစ်နေပါသတဲ့... လက်တေွ့ဘဝမှာရော gameထဲမှာပါပစ်ပယ်ခံထားရတဲ့ဘဝမျိုးဖြစ်နေတဲ့အပြင် gameထဲကတခြားဇာတ်ကောင်တေွရဲ့အာရုံစိုက်မှုကိုရယူနိုင်ပြီး...