Unicode.ငါအဲ့တာ(အကူညီ)ကိုမသုံးဘူးလို့ဆုံးဖြတ်ချက်ချပြီးတာငါးမိနစိတောင်မကြာသေးဘူး...
''ဟမ်း...ဟား... ''
'' ... ''
ပျက်ယွင်းနေတဲ့နေရာက ကို့ရို့ကားယားနဲ့တိတ်ဆိတ်နေတယ်၊ အံ့သြစရာဘဲ Vinterက ငါမထွက်သွားခင်နောက်ဆုံးသူ့ကိုတွေ့ခဲ့တဲ့နေရာမှာရပ်နေတုန်းဘဲ၊သူ့ရဲ့အ့ံအားသင့်နေတဲ့အပြာရောင်မျက်လုံးတွေကြောင့် ဝင်းလက်သွားတဲ့ငါ့မျက်နှာကရဲတက်သွားခဲ့တယ်၊ မျက်နှာဖုံးဝတ်ထားမိတာကိုကျေးဇူးတင်ရမယ်၊
'' ကျေးဇူးပြုပြီးအထဲဝင်ပါပြီးမှတံခါးပိတ်လိုက် ''
အ့ံဩပြီးငါ့ကိုစိုက်ကြည့်နေခဲ့တဲ့ Vinterက ထွက်သွားမဲ့ပုံပေါ်နေတာကြောင့် အထဲကိုဝင်ခဲ့လိုက်တယ်
'' အဟမ်း...''
' ချီး...ဘယ်လိုတောင်ရှက်ဖို့ကောင်းတာလဲ '
ငါ့ရဲ့လည်ချောင်းကိုရှင်းလိုက်ပြီး ရှက်ကိုးရှက်ကန်းဖြစ်နေတာကနေတံခါးကိုအမြန်ပိတ်လိုက်တယ်၊ငါမှောင်နေတဲ့လမ်းကြားကိုမြင်ရဖို့ တံခါးကိုကြည့်လိုက်တယ်၊ဒါပေမဲ့ Derrickကိုမမြင်ရဘူး...
' သူငါ့ကိုလွတ်သွားတာလား '
တကယ်လို့သူကအဲ့လိုဆိုရင်တောင် စိတ်အေးအေးနေနိုင်ဖို့စောနေသေးတယ်၊တကယ်လို့သူသာ စံအိမ်ကိုပြန်သွားပြီး ငါပျောက်နေတာကိုသိသွားလို့ကတော့ ငါတော့ဂြိုလ်ဝင်ပြီဘဲ၊
'' ရုတ်တရက်ကြီး စိတ်ပြောင်းသွားလို့တောင်းပန်ပါတယ်၊ဒါပေမဲ့ ကျမမှာဆန္ဒတစ်ခုတောင်းဆိုဖို့အခွင့်ရှိနေသေးတယ်...ဟုတ်တယ်နော်... ''
'' သေချာတာပေါ့ ''
''အဲ့ဒီဆန္ဒ...ကျမအဲ့တာကိုအခုသုံးမယ်... ကျမကို ဟာမစ်လ်တန် လမ်းကိုခေါ်သွားစေချင်တယ်...အခုချက်ချင်းနော်...''
ငါအဓိကအရာကိုဘဲတည့်တိုးပြောလိုက်တယ်၊Derrickအိမ်ပြန်မရောက်ခင် ငါအရင်ရောက်နေမှဖြစ်မယ်၊ Vinterကမှော်သုံးနိုင်တာကြောင့် နည်းလမ်းရှိသင့်တယ်...
'' တကယ်တော့ အဲ့ဟာမစ်လ်တန်လမ်း...''
သူ့ကြည့်ရတာအဲ့တာဘယ်နေရာလဲဆိုတာစဥ်းစားနေတဲ့ပုံဘဲ၊
YOU ARE READING
DITOEFV
RomanceGameဆော့ရင်းနဲ့အိပ်ပျော်သွားတဲ့ကောင်မလေးတစ်ယောက်က အိပ်ရာကနိုးလာတဲ့အချိန်မှာ သူဆော့နေတဲ့gameရဲ့ hard moodကvillianဖြစ်နေပါသတဲ့... လက်တေွ့ဘဝမှာရော gameထဲမှာပါပစ်ပယ်ခံထားရတဲ့ဘဝမျိုးဖြစ်နေတဲ့အပြင် gameထဲကတခြားဇာတ်ကောင်တေွရဲ့အာရုံစိုက်မှုကိုရယူနိုင်ပြီး...