((Zawgyi))
အပိုင်း ၇🔞
🍀🍀🍃
လန်ယွီရဲ့ ကိစ္စက ကျွန်တော်ကို အတော်လေးကို စိတ်ကသိကအောက်ဖြစ်စေတယ်. သို့ပေမယ့် ဒီရက်ပိုင်း အလုပ်ကိစ္စတွေက ကျွန်တော့်ကို ပိုခေါင်းခဲစေတယ်. ပြည်ပအောက်လမ်းကတဆင့် ဒီတစ်ခေါက် တင်သွင်းလာတဲ့ ကားတွေဟာ ကျွန်တော့်လက်ထဲမှာ သောင်တင်နေတယ်. ကျွန်တော်ဟာ ပေါ်လစီအပြောင်းအလဲတွေကြောင့် အဲ့ဒီကားတွေကို နောက်နှစ် နွေဦးပွဲတော်မတိုင်ခင် အစဖျောက်ပစ်ရမယ်. အဲ့အတွက် ကျွန်တော် ပိုက်ဆံတွေ ဆုံးရှုံးရမယ်ဆိုရင်တောင်မှပေါ့. စနေနေ့နေ့လည် ကျွန်တော် အပြင်ထွက်မလို့လုပ်တုန်းမှာ လျိုကျန့်က ကျွန်တော့်ကိုလာပြောတယ်. လန်ယွီတစ်ယောက် ဆိုက်ထဲကိုမသွားတာ တစ်ပတ်လောက်ရှိနေပြီတဲ့.
ကျွန်တော်တို့ ပြတ်သွားတာ အခုဆို ၂ ပတ်ရှိသွားပြီ. အစက လန်ယွီ ဆိုက်ထဲကို အလုပ်သွားလုပ်နေတုန်းဆိုတာ သိရတော့ ကျွန်တော် အံ့အားသင့်သွားတယ်. လန်ယွီက ဘဝရဲ့ အပြောင်းအလဲတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ကိုင်တွယ်နိုင်တယ်ဆိုတာ သိရတော့ ကျွန်တော် အံ့ဩမိတယ်. အခုကျ သူအဲ့ဒီမှာ ဆက်အလုပ်မလုပ်တော့ဘူးဆိုတော့ ဒီအကြောင်းက ကျွန်တော်ကို အနည်းငယ် ပဟေဠိဖြစ်စေတယ်. ဒါနဲ့ မိုးသောက်ချိန်ရောက်တော့ ကျွန်တော် သူ့ကျောင်းကို ဖုန်းခေါ်ခဲ့တယ်. နွေရာသီကျောင်းတွေပိတ်ထားလို့ ဖြစ်ဟန်တူတယ် တစ်ယောက်ယောက်က ကျွန်တော်ဆီ ဖုန်းလာပြောဖို့ ၁၀ မိနစ်လောက်စောင့်လိုက်ရတယ်. ဒါပေမယ့် အဲ့လူကပြောတယ် အခန်းအမှတ် ၈၁၅ မှာ ဘယ်ကျောင်းသားမှ မရှိဘူးတဲ့. နွေရာသီကျောင်းပိတ်ရက်မလို့ လူတိုင်း အိမ်ကိုပြန်သွားပြီလို့ပြောတယ်. အစက ကျွန်တော်ဟာ အဲ့နေ့ညကို ကားတွေဝယ်မယ့် ဝယ်လက်အချို့နဲ့တွေ့ဖို့ ချိန်းထားတာ. သို့ပေမယ့် ကျွန်တော် စိတ်ပြောင်းသွားကာ 'CU' တက္ကသိုလ် ဆီကို သွားဖို့ ဆုံးဖြတ်လိုက်တယ်.
အဆောင်နံပါတ် ၈ ဆိုတဲ့ အဆောက်အဦးထဲကိုဝင်လိုက်တာနဲ့ အနံ့အသက်တစ်ခုက ကျွန်တော့် နှာခေါင်းထဲတိုးဝင်လာတယ်. အဲ့ဒါက ဟိုးပဝေသဏီက ရခဲ့ဖူးတဲ့အနံ့. ကျွန်တော်ဟာ ကျွန်တော့်ရဲ့ ကောလိပ် ကျောင်းသားဘဝကို ပြန်အမှတ်ရသွားတယ်. ယောကျာ်းလေးအဆောင်က အများသုံးအိမ်သာရဲ့ ဆိုးရွားနံစော်တဲ့အနံ့ပဲ. အဆောင်ရဲ့ ဝင်ပေါက်ဟာ အနည်းငယ် မှောင်မိုက်နေတယ်. ဒါပေမယ့် ကျွန်တော် အခန်းနံပါတ် ၈၁၅ ကိုရှာတွေ့သွားကာ တံခါးကို အကြိမ်အနည်းငယ် ခေါက်လိုက်တယ်. အထဲကနေ ဘာတုန့်ပြန်သံမှ မကြားရဘူး. ကျွန်တော် တံခါးကို နောက်ထပ် အကြိမ်အနည်းငယ် ထပ်ခေါက်ကြည့်တယ်. အဲ့ဒါလည်း ဘယ်သူမှ ပြန်မဖြေဘူး. ကျွန်တော် နည်းနည်း စိတ်ပျက်သွားတယ်. ဒီလိုနဲ့ ကျွန်တော် ပြန်လှည့်ထွက်မယ်အလုပ် တံခါးလက်ကိုင်ကို ဘာသိဘာသာ လှည့်လိုက်မိတော့ တံခါးက သော့ခတ်မထားဘူး.
YOU ARE READING
ဘေကျင်းပုံပြင် [မြန်မာဘာသာပြန်] (Completed)
Romance'လန်ယွီ' လို့ခေါ်တဲ့ တရုတ်ပြည်ရဲ့ ကျေးလက်ဒေသက ကောလိပ်ကျောင်းသားကောင်လေးတစ်ယောက်ဟာ ဘေကျင်းမြို့ရဲ့ တက္ကသိုလ်တစ်ခုမှာ လာပြီးကျောင်းတက်ခဲ့တယ်. ကောင်လေးဟာ ပိုက်ဆံအကြပ်အတည်းတွေ ရှိလာတဲ့အခါမှာတော့ ငွေကြေးအတွက် သူ့ရဲ့...