အပိုင်း ၁၁

1.8K 276 17
                                    

((Zawgyi))

အပိုင်း ၁၁ 🔞

🍀🍀🍃

ဩဂုတ်လရောက်တော့ ကျွန်တော် ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့နဲ့ အတူ အမေရိကားကို သွားခဲ့တယ်. ကျွန်တော် ဒါကို အရမ်းစိတ်ဝင်စားခဲ့တာတော့မဟုတ်ဘူး. ဘာလို့ဆို ကျွန်တော့်မှာ အမေရိကားနဲ့ပတ်သတ်လို့ စီးပွားရေးနည်းနည်းပဲရှိခဲ့တာကိုး. ဒါပေမယ့် မထင်ထားဘူး. အဲ့မှာ ဝယ်သူအကြီးကြီးတစ်ယောက်နဲ့ တွေ့ပြီး အထည်အလိပ်စီးပွားရေးကို ကျွန်တော် စတင်လုပ်ကိုင်ဖြစ်သွားခဲ့တယ်. အမေရိကန်လူမျိုးက ကျွန်တော့်ကို ဝေစုခွဲတဲ့အကြောင်းမေးတော့ ကျွန်တော်က စကားပြန်ကို 'အဲ့ဒါကအသေးအမွှားပါ'လို့ပြောပေမယ့် စကားပြန်ကတော့ အမေရိကန်လူမျိုးကို 'အဲ့ဒါက မဖြစ်စလောက်ပဲ'လို့ ဘာသာပြန်လိုက်တယ်.

ကျွန်တော် အဲ့မှာရက်အနည်းငယ်လောက်ထပ်နေပြီး Las Vegas နဲ့ LA မှာ နည်းနည်းလောက် ပျော်ပါးမယ်လို့တွေးထားတာ. ဒါပေမယ့် ကျွန်တော်စိတ်က အဲ့ဒါကိုစိတ်မပါခဲ့ဘူး. အကြောင်းက ကျွန်တော် အရင်က အဲ့ဒီ့ကိုရောက်ဖူးတာရယ် ပြီးတော့ နောက်အကြောင်းတစ်ခုကတော့ လန်ယွီ ကို ကျွန်တော် သတိရတာကြောင့်ပဲ. ကျွန်တော် သူ့ကို အထူးတလည်ကို သတိရနေတာ. အိမ်တောင် တစ်ယောက်တည်းပြန်သွားလိုက်ချင်တယ်....

ဘေကျင်းလေဆိပ်ရောက်တော့ ကျွန်တော် လန်ယွီကို ဟိုးအဝေးကြီးကတည်းက ရှာတွေ့သွားတယ်. နွေရာသီကုန်ပြီးတဲ့နောက် သူ့အသားအရည်က နည်းနည်းပိုညိုလာပြီး ပိုလို့တောင် စွဲဆောင်မှုရှိလာတယ်. လန်ယွီက အပြာရောင်ဘောင်းဘီတိုလေးနဲ့ မီးခိုးရောင် ကော်လာမပါတဲ့တီရှပ်အကျီပွပွကို ဝတ်ဆင်ထားတယ်. သူက အကျီရဲ့ အပေါ်ဘက်ကြယ်သီး တော်တော်များများကို မတပ်ထားဘူး. သူ့ရဲ့ ချောမွတ်ကျန်းမာပြီး ပျိုမြစ်တဲ့ အသားအရည်ကို ကျွန်တော် မြင်နေရတယ်. ကျွန်တော့်တစ်ကိုယ်လုံး ပူတက်လာတယ်. ပြီးတော့ ရင်တွေလည်း ခုန်လာတယ်. သူက ဆံပင်တွေ တော်တော်ရှည်လာပြီး အလယ်မကျတကျလေးခွဲထားတယ်. သူ့ရဲ့ဆံစလေးတွေက သူ့နဖူးပြင်ပေါ် လျော့လျော့လေးကျနေတယ်. ဒါက သူ့ကို ကျွန်တော် ထားစေချင်တဲ့ဆံပင်ပုံစံပဲ. သူက အဲ့ပုံကိုမကြိုက်ခဲ့ဘူး. သူပြောတာက အဲ့ဒါက သူ့ကိုထိုင်ဝမ်သားနဲ့ တူစေတယ်တဲ့​လေ. ဒါပေမယ့် ဒီလိုကိစ္စမျိုးနဲ့ ပတ်သတ်လာရင် သူက အမြဲတမ်း ကျွန်တော်ကြိုက်တာကိုပဲ လုပ်လေ့ရှိတယ်. သူအဲ့မှာရပ်နေတာက အတော်လေးထင်ပေါ်ပြီး ကြည့်ကောင်း​နေတယ်. ကျွန်တော်က ကောင်မလေးနှစ်ယောက်နဲ့ တူတူထွက်လာတာ. အဲ့နောက် သူတို့နှစ်ယောက်ရဲ့ မျက်လုံးတွေက သူအပေါ်မှာပဲ အားလုံးပုံကျနေတယ်. လန်ယွီက ကျွန်တော်ကို မြင်သွားတော့ ကျွန်တော့်ဆီ လက်လှမ်းပြလာတယ်..

ဘေကျင်းပုံပြင် [မြန်မာဘာသာပြန်] (Completed)Where stories live. Discover now