((Zawgyi))
အပိုင်း ၂၂
🍀🍀🍃
ကျွန်တော် ဘေကျင်းက နွေရာသီကို ဘယ်တုန်းကမှမကြိုက်ဘူး. ဘေကျင်းမှာ နွေရာသီဟာ အရှည်ကြာဆုံးရာသီဥတုတစ်ခုလည်းဖြစ်တယ်. ကျွန်တော် လန်ယွီနဲ့ လမ်းခွဲခဲ့တဲ့အချိန်ကစပြီး နေ့ရက်တွေကို ရေတွက်ခဲ့တာ အခုဆို တစ်နှစ်နဲ့ ကိုးလတောင်ရှိသွားပြီဆိုတာ ကျွန်တော်သတိထားမိတယ်. ကျွန်တော်တို့ဟာ ဆောင်းဦးရာသီရဲ့ နေ့လေးတစ်ရက်မှာ ခွဲခွာခဲ့ကြတယ်. ကျွန်တော် သူ့ကိုရှာမတွေ့ခင်အထိ နောက်ထပ် ဆောင်းဦးရာသီဘယ်နှခုလောက်ကိုများ ကျွန်တော် စောင့်ရဦးမှာလဲ?
အဲ့ဒီနေ့က သူငယ်ချင်းတစ်ယောက်က ကျွန်တော့်ကို ဆောက်လုပ်ရေးနဲ့ဆက်စပ်ကိရိယာပြပွဲတစ်ခုဆီ တက်ရောက်ဖို့ဖိတ်ခဲ့တယ်. အဲ့ဒီသူငယ်ချင်းက အိမ်ခြေမြေအကျိုးဆောင်တစ်ယောက်ဖြစ်ပြီး ကျွန်တော်နဲ့ အကျိုးတူပူးပေါင်းနိုင်ဖို့ မျှော်လင့်နေတယ်. ကျွန်တော် အဲ့ဒီပွဲကို စိတ်မဝင်စားပေမယ့် သူ့ကိုမျက်နှာသာပေးတဲ့အနေနဲ့ သွားဖြစ်ခဲ့တယ်. လူမှုရေးအရနှုတ်ဆက်တာတွေလုပ်ပြီးသွားတဲ့နောက် ကျွန်တော် ချက်ချင်းမပြန်သေးဘဲ ပြပွဲထဲကို စိတ်ပြေလက်ပျောက်လှည့်ပတ်ကြည့်လိုက်တယ်.
ဒီပြပွဲဟာ အလွန်ကြီးမားတဲ့ပြပွဲတစ်ခုဖြစ်ပြီး နိုင်ငံခြားစီးပွားရေးလုပ်ငန်းအများအပြားနဲ့ ဖက်စပ်လုပ်ငန်းများစွာလည်း ပွဲမှာ လာရောက်ပါဝင်ကြတယ်. တချို့ပြပွဲရုံလေးတွေမှာ ပြသထားတဲ့ တချို့ဒီဇိုင်းတွေကို ကျွန်တော် သဘောကျမိတယ်. ကျွန်တော်က ဆောက်လုပ်ရေးလုပ်ငန်းအသိုင်းအဝိုင်းကမဟုတ်ပေမယ့် အဲ့ဒါတွေက စိတ်ဝင်စားစရာကောင်းတယ်လို့ ကျွန်တော်တွေးမိတယ်
ကျွန်တော်မျက်လုံးတွေက ဦးတည်ရာမဲ့စွာဟိုဟိုဒီဒီ လျှောက်ကြည့်နေတယ်. အဲ့ဒီမှာ ရုတ်တရတ် လူသုံးယောက်ကို ကျွန်တော် သတိထားမိသွားတယ်. သူတို့က ဂျပန်ပြပွဲရုံတစ်ခုရှေ့မှာရပ်နေကြတယ်. တစ်ယောက်က အနောက်တိုင်းသားဖြစ်ပြီး ကျန်နှစ်ယောက်က တရုတ်လူမျိုးတွေဖြစ်တယ်. သူတို့ဟာ စကားစမြည်ပြောနေကြတယ်
YOU ARE READING
ဘေကျင်းပုံပြင် [မြန်မာဘာသာပြန်] (Completed)
Romance'လန်ယွီ' လို့ခေါ်တဲ့ တရုတ်ပြည်ရဲ့ ကျေးလက်ဒေသက ကောလိပ်ကျောင်းသားကောင်လေးတစ်ယောက်ဟာ ဘေကျင်းမြို့ရဲ့ တက္ကသိုလ်တစ်ခုမှာ လာပြီးကျောင်းတက်ခဲ့တယ်. ကောင်လေးဟာ ပိုက်ဆံအကြပ်အတည်းတွေ ရှိလာတဲ့အခါမှာတော့ ငွေကြေးအတွက် သူ့ရဲ့...