အပိုင်း ၁၀

2.1K 297 18
                                    

((Zawgyi))

အပိုင်း ၁၀

🍀🍀🍃

ဇွန်လကနေ စက်တင်ဘာလအထိ လန်ယွီမှာ ဘာဆိုဘာမှ လုပ်စရာမရှိခဲ့ဘူး. သူက ကျွန်တော့်ကို သူ့အတွက် အလုပ်တစ်ခုရှာပေးစေချင်တယ်. ပိုက်ဆံရဖို့အတွက်မဟုတ်ဘဲ လုပ်ငန်းနဲ့ အတွေ့အကြုံတွေ လက်တွေ့လုပ်ဆောင်နိုင်ဖို့အတွက်လို့ သူ ပြောခဲ့တယ်. ကျွန်တော်က သူသာ ကားမောင်းသင်တန်းသွားတက်ရင် အလုပ်ရှာပေးမယ်လို့ ကတိပေးခဲ့တယ်. လန်ယွီဟာ ဆောက်လုပ်ရေးကုမ္ပဏီထောင်ထားတဲ့ ကျွန်တော့်ရဲ့ သူငယ်ချင်းတွေဆီက ဒီဇိုင်းနဲ့ ဂရက်ဖစ်ပုံစံဆွဲရတဲ့ အလုပ် တော်တော်များများကို လက်ခံရရှိခဲ့တယ်. အဲ့နောက်တော့ သူ့မှာ အရင်ကထက် ပိုလို့တောင် အလုပ်များလာခဲ့တယ်

လန်ယွီ ကားမောင်းလိုင်စင် ရတဲ့နေ့မှာ ကျွန်တော် သူ့ကို 'lexus' တစ်စီးလက်ဆောင် ပေးခဲ့တယ်. လန်ယွီက ကျွန်တော်ပေးတဲ့ လက်ဆောင်ကို ပြုံးရယ်ရုံလေး "သိပ်ကောင်းတာပဲ" ဆိုတာသာ ပြောကာ လက်ခံခဲ့တယ်. အဲ့ဒီ တစ်ခွန်းပဲ သူပြောခဲ့တာ.

ကျွန်တော့် စီးပွားရေးက သိပ်မကောင်းလှဘူး. ဘက်ပေါင်းစုံကနေ ကုန်သွယ်ရေးနဲ့စီးပွားရေးတွေကို ပိတ်ပင်တားမြစ်တာတွေ ရှိနေတယ်. ကျွန်တော် သိပ်တော့ဂရုမစိုက်ခဲ့ဘူး. ဘာလို့ဆို အားလုံးက တစ်လှေတည်းသားချင်းတွေ ဖြစ်နေတာပဲ. ဒါတွေဟာ ယာယီအချိန်အခိုက်အတန့် တစ်ခုမျှသာဖြစ်တယ်. ဒါပေမယ့် အခုအချိန်မှာ မိုးရောနှင်းပါ ကျရောက်နေတယ်. ကျွန်တော့်ရဲ့ ကုန်လောင်ရုံတွေထဲက တစ်ခုက မီးလောင်ခဲ့တယ်. ခုနစ်မီလီယံကျော်တန်ဖိုးရှိတဲ့ အိမ်သုံးလျှပ်စစ်ပစ္စည်း အသေးစား အသုံးအဆောင်တွေ အားလုံး ပျက်ဆီးသွားတယ်. ဒါတွေအားလုံးကို မငြင်းသာပဲ တာဝန်ရှိ​နေတဲ့သူက လျိုကျန့်ပဲ.

ကျွန်တော်က လန်ယွီနဲ့ စကားစမြည်ပြောရင်း လျိုကျန့်ကို  အလုပ်ထုတ်တော့မယ့်အကြောင်း ပြောခဲ့တယ်

"အဲ့လိုလုပ်ဖို့ တန်လို့လား? ခင်ဗျားတို့ မိတ်ဆွေဖြစ်လာတာ နှစ်တွေ ဒီလောက်ကြာနေပြီ"

လန်ယွီဟာ အခုလေးတင် ဆွဲပြီးသွားတဲ့ သူ့ရဲ့ စိတ်ကူးပုံဖော်ထားတဲ့ ဒီဇိုင်းကို ကြည့်ကာပြောလိုက်တယ်

ဘေကျင်းပုံပြင် [မြန်မာဘာသာပြန်] (Completed)Where stories live. Discover now