အပိုင်း ၎

3.8K 477 57
                                    

((Zawgyi))

အပိုင်း ၄ 🔞

🍀🍀🍃

"ဟိုတလောကတင် ငါ လန်ယွီ ကိုတွေ့ခဲ့သေးတယ်"

လျိုကျန့်က အလုပ်ကိစ္စတစ်ခုအကြောင်း ပြောလို့အပြီးမှာ ကျွန်တော့်ဆီ အမှတ်တမဲ့ စကားဆိုလာတယ်

"ဘယ်မှာတွေ့တာလဲ?"

ရုတ်တရတ်ကြီး ကျွန်တော် ရင်ခုန်သွားတယ်

"လျိုဟိုက်ကော ဆိုတဲ့သူကို မင်း သိတယ်မလား. သူက မြောက်ပိုင်းမှာ စီးပွားရေးစလုပ်နေတယ်. ကောင်လေးက အခု သူ့ဆီမှာ အလုပ်ဝင်နေတာ"

" ထူးဆန်းလိုက်တာ. သူက ပိတ်ရက်ကို အိမ်မပြန်ဘူးလား? ခင်ဗျားကိုကော တွေ့သွားသေးလား?"

" မတွေ့ဘူး. သူက ကွန်ပျူတာတွေကို ကူး​ပြီးဆင်ပေးနေတာ"

" သူ ခင်ဗျားဆီ ခုနောက်ပိုင်း ဖုန်းခေါ်သေးလား?"

" လခွမ်း ခေါ်တာမှ အနည်းလေး အခါနှစ်ဆယ်လောက်ရှိမယ်"

" ဘာပြောသေးလဲ?"

ကျွန်တော့်မျက်လုံးတွေ မှေးစင်းလိုက်ရင်းက မေးလိုက်တယ်

" သူက မင်းနဲ့ စကားပြောချင်ရုံ သက်သက်ပါပဲ. အဲ့ဒါအပြင် တခြား ဘာမှမပြောဘူး"

ကျွန်တော် ရယ်လိုက်တာမြင်တော့ လျိုကျန့်ကပါ လိုက်ရယ်ရင်း မေးလာတယ်

"မင်း တမင်သက်သက် သူ့ကို ကစားနေတာမလား. ငါ့အထင် မင်း သူ့ကို ငြီးငွေ့သွားပြီထင်တယ်"

" ကျွန်တော် သူ့ကို ခုချက်ချင်းကို သွားရှာမှာပါ. သူ့ကို နောက်ထပ်လည်း ထပ်ပြီး မကစားတော့ပါဘူးဗျာ"

ကျွန်တော် ပိုပြီး ဟက်ဟက်ပက်ပက်ရယ်လိုက်တယ်. ဘာကြောင့်​ လန်ယွီကို ကျွန်တော် ကစားခဲ့သလဲဆိုတာ လျိုကျန့်ကို ကျွန်တော် မပြောပြ​​ခဲ့ဘူး. အမှန်အတိုင်းပြောရရင် ကျွန်တော်ကိုယ်တိုင်လည်း ဘာကြောင့်အဲ့လိုလုပ်ခဲ့မိမှန်းမသိခဲ့ဘူး.....

လျိုကောကွေ့ဟာ မှောင်ခိုသွင်းလာတဲ့ ကွန်ပျူတာ အစိတ်အပိုင်းတွေကို နေရာရွေ့ဖို့နဲ့ ပြန်လည်တပ်ဆင်ဖို့အတွက် ဝန်ထမ်းတွေကို ညွှန်ကြားကာ အလုပ်ရှုပ်နေတယ်. ကျွန်တော် သူ့ကို နှုတ်တောင်ဆက်မနေပဲ ဆိုင်ထဲတန်းဝင်သွားပြီးနောက် ဟိုဟိုဒီဒီ ရှာဖွေလိုက်တယ်.

ဘေကျင်းပုံပြင် [မြန်မာဘာသာပြန်] (Completed)Where stories live. Discover now