((Zawgyi))
အပိုင်း ၂၈
🍀🍀🍃
လန်ယွီရဲ့ တိုက်ခန်းကျဉ်းကျဉ်းလေးထဲမှာ ကျွန်တော်ဟာ သူ့ရဲ့ လက်မောင်းတွေကြားထဲ လှဲလျောင်းနေတယ်. သူက ကျွန်တော့်မျက်နှာကို ကြည့်ရင်း မကြာခဏ အနမ်းတွေပေးနေတယ်.
"ကိုယ် အများကြီးပြောင်းလဲသွားလား?"
ကျွန်တော်မေးလိုက်တယ်. ကျွန်တော်ဆိုလိုတာက ထောင်ကထွက်လာပြီး နောက်ပိုင်း ကျွန်တော်ပုံစံကို ပြောတာဖြစ်တယ်.
"သိပ်မပြောင်းပါဘူး. နည်းနည်းပိန်သွားရုံပါ"
"မင်းကိုယ့်ကို မေ့သွားပြီထင်နေတာ"
ကျွန်တော် ပြောလိုက်တယ်
"ကျွန်တော်က ခင်ဗျား ဒဏ်မခံနိုင်မှာစိုးရိမ်တာ. ကျွန်တော် အဲ့ဒီ fax တွေ ရခဲ့တုန်းက အချိန်ကို မှတ်မိသေးတယ်. အဲ့တုန်းက ကုမ္ပဏီခေါင်းဆောင်တွေအကုန်လုံးက ကျွန်တော့်နဲ့ စကားပြောချင်ကြတယ်. လုံခြုံရေးဌာနက ကျွန်တော့်ရဲ့ကိုယ်ရေး အချက်အလက်တွေကို အသေးစိတ်ချရေးခိုင်းတယ်.... ဘေးနားက လုပ်ဖော်ကိုင်ဖက်တွေကလည်း စိုးရိမ်နေကြတယ်"
လန်ယွီဟာ သူ့ကိုယ်သူ ထုတ်ဖော်ပြောတဲ့နေရာမှာ သိပ်မတော်လှဘူး. ဒါပေမယ့် သူပြောချင်တာကို ကျွန်တော် နားလည်တယ်
ကျွန်တော်က ကိုယ်ကိုလှည့်ကာ ထထိုင်လိုက်ပြီး ကျွန်တော့်လက်မောင်းတွေကြားထဲမှာ သူ့ကို ဖက်ထားလိုက်တယ်. ကျွန်တော် သူ့ကို အသေအချာ အကဲခတ်ကြည့်မိတယ်
သူက ကျွန်တော်နဲ့ ပထမဆုံးဆုံခဲ့တုန်းကထက် အနည်းငယ် ကွာခြားသွားတယ်. သူ့ရဲ့ မျက်လုံးတွေထဲမှာ ရင့်ကျတ်မှုတွေရှိလာတယ်. အရင်တုန်းကဆို ကျွန်တော့်ကို ကြည့်တဲ့ သူ့ရဲ့အကြည်တွေ့ထဲမှာ စိုးရိမ်ပူပန်မှုတွေနဲ့ သံသယတွေရှိခဲ့တယ်. ဒါပေမယ့် အခုတော့ သူကျွန်တော့်ကို ကြည့်တဲ့ အကြည့်တွေက ယုံကြည်မှုအပြည့်နဲ့ တည်ငြိမ်ရဲတင်းနေတယ်. ကျွန်တော်တို့ ပြန်ဆုံပြီးနောက်ပိုင်းမှာ သူ အနည်းငယ်ပိုပိန်လာတယ်. ဘာဖြစ်လို့လဲ? ကျွန်တော်နဲ့ အတူရှိနေတာက သူ့ကို နာကျင်စေလို့လား?
YOU ARE READING
ဘေကျင်းပုံပြင် [မြန်မာဘာသာပြန်] (Completed)
Romance'လန်ယွီ' လို့ခေါ်တဲ့ တရုတ်ပြည်ရဲ့ ကျေးလက်ဒေသက ကောလိပ်ကျောင်းသားကောင်လေးတစ်ယောက်ဟာ ဘေကျင်းမြို့ရဲ့ တက္ကသိုလ်တစ်ခုမှာ လာပြီးကျောင်းတက်ခဲ့တယ်. ကောင်လေးဟာ ပိုက်ဆံအကြပ်အတည်းတွေ ရှိလာတဲ့အခါမှာတော့ ငွေကြေးအတွက် သူ့ရဲ့...