Part(15)

555 17 3
                                    

"ကဲဗျာ ဒါဖြင့် ကျွန်တော်တို့ကို ခွင့်ပြုပါဦး။အပြန်အမျိုးသားနဲ့ဝင်စရာလေးရှိလို့"
"အာ ဟုတ်ကဲ့ ဟုတ်ကဲ့ ဒါကျွန်တော့်နံပါတ်ပါ။အကြောင်းတစ်ခုခုထူးရင် ဆက်သွယ်ပေးပါခဗျ။"

ရဲအုပ်၏နံပါတ်ကတ်ကိုယူကာသူတို့နှစ်ယောက်ပြန်လာတော့ 6နာရီပင်ရှိလေပြီ။အနည်းငယ်မှောင်ရီပျိုးစပြုလာသောကြောင့် Baekကအိမ်ပြန်ချင်နေလေသည်။

"နေဦးလေ Hyunငယ်ရဲ့ ထမင်းစားရဦးမယ်။တစ်နေ့လုံးမစားဘဲ မနားရပါဘူး"

ထိုသို့ပြောကာBaekအားဆိုင်တစ်ဆိုင်သို့ခေါ်သွားလေတော့သည်။ဆိုင်လေးကအတော်သန့်ကာ ရောင်းကောင်းပုံလဲရသည်။

"အဒေါ်ရေ ထမင်းကြော်နှစ်ပွဲနဲ့ ကင်မ်ချီဟင်းရည်ချပေးပါ။အသားလဲထည့်ပေးနော်"

လူရှင်းနေသောဆိုင်၏ချောင်ကျကျခုံတွင်ဝင်ထိုင်လိုက်ကြ၏။ခုနကသိပ်မစာချင်သောဗိုက်သည် ယခုမှပင်တကျုတ်ကျုတ်မြည်လာကာ သရေပင်ကျလာသောကြောင့် လာချပေးသည်
နှင့် ထမင်းကြော်ပူပူအား မမှုတ်ဘဲပါးစပ်ထဲကောက်ထည့်လိုက်တော့သည်။

"အ့ ပူလိုက်တာ ဟူး ဟူး"
"Hyunကကွာ အပူကြီးကို မမှုတ်ဘဲနဲ့"

ထိုသူဟင်းရည်အား မှုတ်ပေးပြီး တိုက်ခါ မှအဆင်ပြေသွားကာ မချိပြုံးပြုံးပြရသည်။

"ဖြည်းဖြည်းစား"

Park Chan Yeolကြည့်နေရင်းနှင့်ပင် မျက်မှောင်လေးကျုံ့သွားသောကြောင့်စိတ်ပူသွားရပြန်သည်။

"ဘာဖြစ်လို့လဲ Hyun"
"အန် ချင် လို့"
"ဟောဗျာ လာ လာ သန့်စင်ခန်းသွားရအောင်"

မိမိကျောအားအသာထုပေးကာ အိမ်သာထဲထိလိုက်လာသောကြောင့် Baekအားနာမိသည်။အန်တော့လည်း အစာမပါလေသာအန်သည်မို့ လူကသာနူံးချိသွား၏။

"ဟမ်းး မူးလိုက်တာ"
"ငယ် ရလား ဆေးရုံပြန်သွားမယ်ကိုယ်နဲ့။"
"ရ ရတယ် အိမ်ဘဲပြန်ကြမယ်။"
"ငယ် ကိုယ်စိတ်ပူတာမို့ဆေးရုံသွားမယ် ဘာမှထပ်မပြောနဲ့"
"အိပ်ချင်လို့ပါ"

အထက်ပါစကားကိုဆိုရင်းမိမိရင်ခွင်တွင်းသို့ခေါင်းလုံးလုံးလေးက တဖြည်းဖြည်းတိုးဝင်လာသည်။Park Chan Yeolဆိုသည်မှာအံ့သြောမှုအပြည့်ဖြင့်မျက်လုံးအစုံပြူးသွားရသည်အထိ။ဤကလေးငယ်ဟာပထမဆုံးသူ့အပေါ်ချွဲနွဲ့ခြင်းပင်မဟုတ်ပါလော။

The Sound Of The HeartWhere stories live. Discover now