Part{5}

1.5K 108 25
                                    

"ဒိန်း​  ဒိန်း​ ဒိန်း"

ပူးကပ်နေသောရင်လွှာနှစ်ခုကြားမှနှလုံးသားလေးတစ်ခု။

"သ​  သတိရတယ်​ Hyun ငယ်"

တိုးတိုးလေးတကယ့်ကိုတိုးတိုးလေး။ဤလူဟာဦးနှောက်ပိုင်းများထိသွားခဲ့လေသလား။ခါးမှလက်တစ်ဖက်ကကျောပြင်အထက်သို့တိုးကပ်လာကာနူးညံ့သောဆံနွယ်တို့ကြားသို့ရှည်သွယ်သွယ်လက်ချောင်းများကခပ်ဖွဖွထိတွေ့နေလေသည်။

Baek Hyunမျက်လုံးများပင်ပြူးကျယ်ထွက်သွားခဲ့ရပြီးခြေဖျားလက်ဖျားတို့အေးစက်လာခဲ့သည်။

//ဒီ  ဒီလို ပုံစံအနေအထားက Hunလေး။Hunလေးဖက်နေကျပုံစံအတိုင်း//

တဒိတ်ဒိတ်ထိုးဆောင့်ခုန်လာသည့်နှလုံးတစ်ခုကြောင့်ထိန်းချုပ်ထားရသည့်မျက်ရည်တို့ကဝဲခနဲအိခနဲ။

//တခြားလူတောင်မဟုတ်ဘူး။Hunလေးနဲ့မှ​ဘာလို့။ Byun Baek Hyunသတိထားစမ်း!!။//

"Park Chan Yeol  Shiiအခုဘယ်လိုအပြုအမူပါလဲ။လွှတ်ပါ"
"ဒီနေရာ"
"ဟင်"
"ဒီနေရာတအားနာတာဘဲ"

နှလုံးတည့်တည့်သို့လက်ညှိုးထိုး
ပြကာမျက်ရည်များကျလာလေသည်။

"ရှင်းအောင်ပြောပါ​။အောင့်တာလား
ဘယ်လောက်ကြာပြီလဲ"
"အခုလေးတင်"
"ဘာဖြစ်တယ်!?"
"အခု​  မင်းကိုမြင်ခါမှနာလာတာ။ဘာလို့မျက်ရည်တွေကျလာရတာလဲ Hyunလေးရဲ့။ဟင်..!?"

" Park Chan Yeol Shii"

ရှေ့မှ​ လူသားလေးအားနောက်
တစ်ခါရင်ခွင်ထဲထည့်သိမ်းမိပြန်သည်။

"ခဗျား​  လွှတ်"
"အခုတိုင်းလေး​။ဒီတိုင်းလေးဘဲခဏနေပေးပါ​။ကိုယ်​  ကိုယ်​ အရမ်းနာကျင်နေလို့။"

ငိုရင်းနှင့်ပြောလာသည့်လူကြောင့်Baekရုန်းနေတာကိုရပ်လိုက်မိကာလက်ကိုဘေးချပစ်လိုက်သည်။

//လူတစ်ယောက်အထိအတွေ့မှာအ့လောက်ဖြစ်စရာလားByun Baek Hyun။တိုက်ဆိုင်သွားတာဘဲနေမှာကိုမင်းကပါဘာလို့//

အခန်းတွင်းရှိနောက်ဖက်မှလူနှစ်ယောက်မှာတော့တခဏမျှမှင်သက်နေမိကြပြီးနောက်အချင်းချင်းကြည့်ကာမတိုင်ပင်ရဘဲအခန်းအပြင်ဘက်သို့တိတ်တဆိတ်ထွက်လာခဲ့လိုက်ကြရသည်။

The Sound Of The HeartWhere stories live. Discover now