Part(7)

1K 77 7
                                    

"Hyun  Hyunသတိထားစမ်း"

တံခါးဝနောက်ကွယ်ကချက်ချင်းထွက်လာမိကာ    
ခွေကျလာသောခန္ဓာကိုယ်လေးအား  ရင်ခွင်ထဲဆွဲသိမ်းမိသည်။

  Chan Yeolအနောက်ကလိုက်လာမိတာတော်သေးသည်ပင်။စမ်းကြည့်မိတော့ခြစ်ခြစ်တောက်ပူနေသောအထိအတွေ့ကြောင့်အသာပွေ့ချီပြီးကုတင်ပေါ်တင်ပေးလိုက်သည်။ဝတ်ထားသောကုတ်ကိုချွတ်ကာအောက်ခံရှပ်ကိုတံတောင်ဆစ်
အထိခေါက်တင်လိုက်ရင်းဘာရယ်မဟုတ်အခန်းထဲလှည့်ပတ်ကြည့်မိလိုက်သည်။

"ဆိုတော့  ဒါSehunဆိုတဲ့ကောင်နဲ့Hyunငယ်နဲ့ အတူတူနေခဲ့တဲ့အိမ်ပေါ့လေ။"

မနာလိုသဝန်တိုသည့်စိတ်ကပြူထွက်လာသော်လည်းလျသ်လျူရှုလိုက်ကာ

"မဖြစ်သေးဘူး  Hyunကိုအရင်ရေပတ်တိုက်ပေးရမယ်"

ရေချိုးခန်းထဲသို့တန်းတန်းမတ်မတ်ဝင်သွားမိ
သည့်သူ့ကိုယ်သူအံ့သြသွားရသည်။တစ်ကြိမ်တစ်ခါမျှပင်မရောက်ဖူးသေးဘဲသေချာပေါက်ကိုယ့်အိမ်ကိုယ့်ယာလိုမျိုးခံစားနေရခြင်း။ပစ္စည်းတွေကအစဘယ်နေရာမှာထားသည်ကိုစဥ်းစားစရာမလိုဘဲအတပ်သိနေတာမျိုး။အလိုမကျမိစွမျက်မှောင်ကြုတ်လိုက်မိသည်။သို့သော်ရေဇလုံထဲရေထည့်ပြီးတာဝါတစ်ခုနှင့်အတူအမြန်ပြန်ထွက်လာလိုက်သည်။

Hyunကိုအင်္ကျီတွေချွတ်ပေးကာရေပတ်တိုက်ဖို့ကြံမိတော့ဖြူလွှလွှခန္ဓာကိုယ်ပေါ်မှသူ့ပယောဂမကင်းသောအမှတ်အသားများ။ကျစ်   ပထမဆုံးမှန်းသိရက်နဲ့Chan Yeolရာ။ကိုယ့်ကိုယ်ကိုယ်အသံတိတ်အပစ်တင်လိုက်ပြီး တစ်ကိုယ်လုံးကိုခပ်ဖွဖွထိတွေ့ကာဆေးကြောသန့်စင်ပေးလိုက်
သည်။ထိုစဥ် နာကျင်သည်ထင့်နှုတ်ခမ်းပါးမှခပ်တိုးတိုးညည်းညူလာသည့်Hyun။

"အွန်းး  Hun Naa"
"ကျွန်တော်ရှိတယ်  Hyun"

ဟင်!!!   ခုဏက  ငါဘာပြောလိုက်မိတာလဲ။

Hyunကတော့  ပြန်မှိန်းကာမသိလိုက်ပေမယ့်Chan Yeolအဖို့  ချွေးစေးများပင်ပြန်လာခဲ့ရသည်။

"ငါ   ငါဘာဖြစ်နေတာလဲ"

နားထဲတွင်တစ်ချက်စီခနဲဖြစ်သွားကာအဖြစ်အပျက်များကမျက်လွှာတွင်တစ်ရိပ်
ရိပ်ပေါ်လာခဲ့သည်။လူ၂ယောက်ရပ်ပြီးစကားပြောနေကြခြင်းဖြစ်သည်။တစ်ယောက်ကHyunရဲ့အချစ်တော်ဟို  Sehunဆိုသည့်လူ။
နောက်တစ်ယောက်ကDoctorတစ်ယောက်ဖြစ်လိမ့်မည်။ဒယ်ဟန်ဆေးရုံတဆိပ်ကုတ်အင်္ကျီကိုဝတ်ဆင်ထားသည်။

The Sound Of The HeartWhere stories live. Discover now