Heart beats fast. Colours and promises
How to be brave?
How can I love when I'm afraid to fall?🎼
[Christina Perri- A thousand years]ကောင်းကင်မှာ ထူးထူးခြားခြား ကြယ်တွေစုံတဲ့ည၊
စက်တင်ဘာလ ၉ ရက် Junkyu ရဲ့ မွေးနေ့၊Junkyu's pov;
ဒီနှစ်လည်း ငါ တစ်ယောက်တည်းပဲပေါ့၊
လွန်ခဲ့တဲ့ ရှစ်နှစ်က ငါ့အမေ ဆုံးသွားခဲ့တယ်၊
ငါ ပြိုလဲနေတုန်း Jihoonနဲ့ တွေ့ခဲ့တယ်၊ သူငယ်ချင်းကောင်းတစ်ယောက်အနေနဲ့ ငါ ကြံ့ကြံ့ခံနိုင်အောင် သူကပဲ ကူညီပေးခဲ့တယ်၊ ရှစ်နှစ်လုံးလုံး အနားမှာ ရှိပေးခဲ့ပေမဲ့
အခုတော့ Jihoonက သူ့မိဘတွေရှိရာ နိုင်ငံခြားကို ထွက်သွားခဲ့ပြီ။ဒီ ဟာတာတာ ခံစားချက်ကြီးက ငါ့ရင်ဘက်ထဲ ပြန်ရောက်လာခဲ့တယ်၊
ကောင်းကင်ကြီးကို ငေးကြည့်ရင်း တစ်စုံတစ်ယောက်ကို မျှော်လင့်နေမိတယ်။ လက်နှစ်ဖက်ကို ရင်ဘက်ပေါ်တင်ထားရင်း ပါးစပ်က အရူးတစ်ယောက်လို ရေရွတ်နေမိတယ်။ငါ့ကို ဘယ်တော့မှ ထားမသွားမယ့် နွေးထွေးတဲ့ နေရာတစ်ခု ပိုင်ဆိုင်ရဖို့၊
ငါ့ရင်ထဲက စကားတွေ နားထောင်ပေးမယ့် တစ်ယောက်ယောက်နဲ့ ဆုံတွေ့ရဖို့
ငါ ဆုတောင်းတယ်။No one's pov;
ထို့နောက် Junkyuရဲ့ သစ်စေ့လေးတွေလို လုံးဝိုင်းတဲ့ မျက်လုံးများဆီမှ မျက်ရည်တစ်ပေါက်ပြီး တစ်ပေါက် ပါးပြင်ပေါ် ဖြတ်စီးလာခဲ့တယ်၊ မျက်လုံးလေးတွေကို မှိတ်ထားပြီး ရှိုက်ငိုနေမိတဲ့ အခိုက်မှာ မိုးကောင်းကင်ပေါ်က ကြယ်လေးတစ်လုံးက ပြုံးပြခဲ့တယ်၊
သူကတော့ ပင်ပန်းစွာ အိပ်ပျော် သွားခဲ့ပြီ။____________________________z_z_z_z_z_z
မြက်ခင်းပေါ်တွင် အိပ်မောကျနေသော Junkyuကို လူတစ်ယောက်က လာနှိုးသည်၊
"ချာတိတ် ချာတိတ် ဒီမှာ အိပ်နေလို့ မရဘူးလေ၊ ကျောင်းစည်းကမ်အရ ကျောင်းသားတစ်ယောက် ည ၁၀ နာရီ မထိုးခင် အဆောင် ပြန်ရောက်ရမယ် ဆိုတာ မသိဘူးလား"
Junkyuလည်း အိပ်ချင်မူးတူးဖြင့် မျက်လုံးတစ်ဖက် ဖွင့်ကြည့်လိုက်သောအခါ လာနှိုးနေသူမှာ သူ၏ တစ်ဦးတည်းသော သူငယ်ချင်း Jihoon ဖြစ်နေသည်။
တအံ့တဩဖြင့် "Park Jihoon ဘယ်တုန်းက နိုင်ငံခြားက ပြန်ရောက်လာတာလဲ" ပြောရင်းဆိုရင်း ထိုလူကို ဆွဲဖက်ထားလိုက်သည်။ထိုလူမှ ဒေါသတကြီးဖြင့်
🌼"ချာတိတ် မင်းက ဆရာကိုတောင် မခန့်လေးစား လာလုပ်နေတယ်၊ အခု ငါနဲ့အတူ စည်းကမ်းထိမ်းသိမ်းရေးကို လိုက်ခဲ့ပေတော့"🐨"wae ငါ့ကို စ မနေပါနဲ့တော့၊ မင်း အတိတ်မေ့နေတာလား jihoon"
🌼"အတိတ်မေ့နေတာက မင်းပဲ၊ ငါနာမည်က Park Jihoon၊ မင်း သူငယ်ချင်း မဟုတ်ဘူး၊ Treasure High Schoolက ကာယ ဆရာ Park Jihoon"
🐨"umm.."
Junkyu's pov;
"Wtf ငါ အိမ်မက်များ မက်နေတာလား၊ Jihoon ထွက်သွားတာကို စိတ်စွဲပြီး သူ့အကြောင်းပဲ တွေးနေလို့လား"
အား...နာလိုက်တာ..
ဆရာ Park Jihoonဆိုသူမှ ကျွန်တော့်နားရွက်ကို ဆွဲကာ စည်းကမ်းထိမ်းသိမ်းရေး ဌာနဆီ ခေါ်သွားသည်။
"အိမ်မက် မဟုတ်တာတော့ သေချာတယ်၊ ဒါဆို တခြားကမ္ဘာကို ရောက်သွားတာလား၊ မဖြစ်နိုင်ပါဘူး..."စည်းကမ်းထိမ်းသိမ်းရေးဌာန၌ ဆရာများက ကျွန်တော့်ကို ထိုင်ခုံ ပေါ်တွင် ထိုင်စောင့်ခိုင်းပြီး ကျွန်တော့်ပြစ်မှု မှတ်တမ်း ရှိမရှိ ရှာကြည့်နေကြသည်။ ထိုစဉ် ကျွန်တော့်ရဲ့ ဘေးနားက ထိုင်ခုံတွင် ထိုင်နေသော ကျောင်းသားက နှုတ်ဆက်သည်။
🐰hi bro သားလိမ္မာလေးက စည်းကမ်းထိမ်းသိမ်းရေး ဘယ်လို ရောက်လာတာလဲ
🐨မင်းက ဘယ်သူလဲ၊ ငါနဲ့ သိလို့လား
🐰အော် မတွေ့တာကြာတော့ မေ့သွားပြီထင်တယ်၊ သတိရအောင် ကိုယ့်ကိုကိုယ် မိတ်ဆက်ပေးပါမယ်
🐨??
🐰 တွေ့ရတာဝမ်းသာပါတယ် Junkyu hyung၊ ကျွန်တော့်က Kim Doyoungပါ၊ ကျွန်တော့်မှာ အမွှာ အစ်ကိုတစ်ယောက် ရှိပါတယ်၊ သူ့နာမည်က Kim Junkyu..၊ ကျွန်တော်က ပြဿနာရှာသလောက် သူက လိမ္မာပါတယ်၊ အခုတော့ သူလည်း ကျွန်တော့်လို ကျောင်းပထမဆုံး နေ့မှာပဲ စည်းကမ်းထိမ်းသိမ်းရေး ရောက်နေပါပြီ။
🐨ဘာ မင်းက ငါ့ရဲ့ အမွှာ...⊙.☉သေချာတယ်၊ တစ်ခုခုတော့ ဖြစ်နေပြီ၊ ငါ စာအုပ်တွေ ဖတ်ထားတဲ့ အတွေ့အကြုံအရ ဆိုရင်တော့ parallel world ဆိုတာကြီးဆီ ရောက်နေပြီ ထင်တယ်။
Update coming soon´◔ゝ◔'
👇Support please
YOU ARE READING
Treasure High I (Completed)
Fanfictionအခက်ခဲဆုံး အချိန်မှာ တောင်းတဲ့ဆုတွေက တကယ် ပြည့်လာတတ်တယ်🌟 နွေးထွေးတဲ့ နေရာလေးတစ်ခု နဲ့ နှလုံးသားထဲက အသံကို နားထောင်ပေးမယ့် လူတစ်ယောက်🌟 Treasure fanfic (Harukyu at treasure high) Just For Fun ♪┌|∵|┘♪