"And I'm holding my breath
I'm holding my breath till I can say
All of the words I want to say
From my heart"❣️[Anson Seabra- trying my best]
Hyunsukက ပစ္စည်းတွေ အခန်းထဲ ကူသယ်ပြီးနောက် ဘေးချင်းကပ်ရက်က သူ့အခန်းဆီ ပြန်သွားတယ်၊
Junkyuလည်း ပစ္စည်းတချို့ နေရာချပြီး နာရီကြည့်လိုက်တော့ ၁၂ ကျော်နေပြီ။
Haruto ဆိုတဲ့ မလှုပ်မရှက် ကျောက်တုံးကတော့ ကွန်ပျူတာရှေ့ ဂိမ်းဆော့နေတုန်း၊အဲဒီ ခပ်ချောချော ခပ်ချေချေ ကျောက်တုံးကို မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး Junkyuလည်း နှစ်ထပ်ကုတင်ရဲ့ အောက်ဘက် အိပ်ယာမှာ အိပ်လိုက်တယ်၊
ပင်ပန်းနေလို့လားမသိ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတယ်။__________________________z_z_z_z_z_z
Harutoတစ်ယောက် ဂိမ်းဆော့ပြီးနောက် ခြေလက်ဆေးကာ အိပ်ဖို့ ပြင်နေတုန်း သူ့အိပ်ယာပေါ်မှာ လူတစ်ယောက်ရောက်နေတာ တွေ့လိုက်ရတယ်၊
ဂိမ်းဆော့နေတုန်းက ဘေးပတ်ဝန်းကျင်ကို သတိမထားမိလိုက်တော့ ဘယ်သူအိပ်နေမှန်း မသိလိုက်ဘူးပေါ့၊ဒါနဲ့ စောင်ခေါင်းမြီးခြုံထားတာကို အနည်းငယ် ဆွဲချကြည့်လိုက်တော့ ပါးဖောင်းဖောင်းနဲ့ နှုတ်ခမ်းစူပြီး အိပ်ပျော်နေတဲ့ ကောင်လေးတစ်ယောက်၊
ကြည့်ရင်းနဲ့ မသိမသာ ပြုံးမိတယ်..
"အိပ်နေတာက koala အကောင်ပေါက်လေးနဲ့ တူတယ်"Harutoလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်နေတဲ့ koalaလေးကို မနှိုးတော့ဘဲ အပေါ်ဘက် ကုတင်ကိုပဲ ပြောင်းအိပ်လိုက်တယ်။
To be continued ✌️
YOU ARE READING
Treasure High I (Completed)
Fanfictionအခက်ခဲဆုံး အချိန်မှာ တောင်းတဲ့ဆုတွေက တကယ် ပြည့်လာတတ်တယ်🌟 နွေးထွေးတဲ့ နေရာလေးတစ်ခု နဲ့ နှလုံးသားထဲက အသံကို နားထောင်ပေးမယ့် လူတစ်ယောက်🌟 Treasure fanfic (Harukyu at treasure high) Just For Fun ♪┌|∵|┘♪