"မင်းက နွေဦးမှာ တိုက်ခတ်တဲ့
လေညှင်းလိုမျိုး
ငါ့ကို တဖြုတ်ဖြုတ် ကြွေကျစေတယ်"
🍃______________________________________
ဘာကြောင့်မှန်းမသိ Jaehyukတစ်ယောက် စိတ်တွေလေနေမိတယ်။
🦁; ဟူးးးး ကျောင်းပြီးရင် ဥယျာဉ်စောင့် လုပ်စားလို့တော့ရပြီ၊ အမြဲတမ်း ဒီဥယျာဉ်စောင့်ဖို့ ငါပဲ တာဝန်ကျတယ်။
ဒါပေမဲ့လည်း ဆရာPark Jihoonနဲ့အတူတူ ကျောင်းဂိတ်စောင့်ရတာထက်တော့ ပိုကောင်းပါတယ်လေ၊Jaehyukတစ်ယောက် ကျောင်းပိတ်ရက် စောစောစီးစီး Treasure Highရုက္ခဗေဒဥယျာဉ်ထဲ လာခဲ့ရသည်။
ဆောင်းအကုန် နွေဝင်ခါစ ဆိုသော်လည်း အအေးဓာတ်လေး နည်းနည်း ကျန်နေသေးသည်။
အင်္ကျီအပါးတစ်ထည်တည်း ဝတ်လာသဖြင့် လေအဝှေ့ ကျောဘက်က စိမ့်ပြီး ချမ်းလာသည်။
🦁; သဘောကောင်းခြင်းရဲ့ ဆိုးကျိုး၊ အမြဲတမ်း သူများကို ဦးစားပေးတော့ လူချစ်လူခင် ပေါပေမဲ့ တစ်ခုခုဆို အဲ့သူငယ်ချင်းတွေက ဘယ်ကမ္ဘာရောက်သွားကြမှန်းမသိဘူး၊ Hyunsuk hyungတစ်ယောက်ပဲ အားကိုးရတယ်၊
Jaehyukက ကျောင်းဂိတ်စောင့် တာဝန်ကျသော်လည်း Hyunsukက ဆရာPark နဲ့အတူတူ ဂိတ်စောင့်မယ်ပြောကာ လှယ်ပေးလိုက်သဖြင့် ဒီနေရာ ရောက်လာခြင်း ဖြစ်သည်။
စိတ်ဓာတ်ကျနေတုန်း အဝေးတစ်နေရာကနေ ရင်းနှီးနေတဲ့ အရိပ်လေး တွေ့လိုက်ရသည်။
🦁; Sahi ya~
ထိုအရိပ်လေးက သူခေါ်တာကို လှည့်တောင်မကြည့်ဘဲ ပြေးထွက်သွားသည်။
💭🦁; မင်းကိုပဲ မျှော်လင့်နေမိတဲ့ ငါကိုက ရူးနေတာပါ၊ Asahi...
သစ်ပင်ခြောက်ကြီးကို ကြည့်ရင်း အသည်းကွဲစပြုလာချိန်..
🦁; အားးး omaကယ်ပါဦး!!!
သစ်ပင်ပေါ်ကနေ ဘာမှန်းမသိတဲ့ မဲမဲအရာတစ်ခု ပြုတ်ကျလာသည်။
Jaehyukရှေ့တည့်တည့်ကို ကျလာသော်လည်း မကြည့်ရဲသဖြင့် မျက်လုံးမှိတ်ကာ ထွက်ပြေးတော့သည်။
______________________________________
သစ်ပင်ပေါ်တွင်...
🐰; Junkyuရေ နည်းနည်း ထိန်းထားဦး၊ ငါ ပြုတ်ကျတော့မယ်
YOU ARE READING
Treasure High I (Completed)
Fanfictionအခက်ခဲဆုံး အချိန်မှာ တောင်းတဲ့ဆုတွေက တကယ် ပြည့်လာတတ်တယ်🌟 နွေးထွေးတဲ့ နေရာလေးတစ်ခု နဲ့ နှလုံးသားထဲက အသံကို နားထောင်ပေးမယ့် လူတစ်ယောက်🌟 Treasure fanfic (Harukyu at treasure high) Just For Fun ♪┌|∵|┘♪